သီချင်းဆိုရင်း စင်မြင့်ပေါ်က လိမ့်ကျခဲ့တဲ့ Madonna


လန်ဒန်မြို့မှာ ဗုဒ္ဓဟူးနေ့ညက ကျင်းပခဲ့တဲ့ ၂၀၁၅ British album of the year award ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ ခေတ်ပေါ် pop ဂီတ နာမည်ကြီးအဆိုတော် Madonna ဟာ သီချင်းဆိုနေရင်း စင်မြင့် လှေကားပေါ် ချော်ကျခဲ့ပါတယ်။

လှေကားထစ်ပေါ်က ကိုးရိုးကားရား ချော်ကျခဲ့ပေမယ့် dancer တွေက Madonna ရဲ့ ၀တ်ရုံကို ဖယ်ရှားပေးခဲ့ပြီးတဲ့နောက်မှာ သူမဟာ စင်မြင့်ပေါ်ပြန်သွားပြီး Living For Love သီချင်းကို ပြီးအောင် ဆက်သီဆိုနိုင်ခဲ့ပါတယ်။

သူမရဲ့ ၀တ်ရုံရှည်ကို ခပ်ကြပ်ကြပ် စည်းနှောင်ထားတာကြောင့် အခုလိုဖြစ်သွားတာပါ။ အခု ကောင်းကောင်းမွန်မွန် ရှိနေပါတယ်ဆိုပြီး နောက်ပိုင်းမှာ Madonna က ပြောဆိုခဲ့ပါတယ်။

ဘာမှ ကိုယ့်ကို မတားဆီးနိုင်ပါဘူး၊ ချစ်မေတ္တာက ကိုယ့်ကို တက်ကြွစေပါတယ် ဆိုတဲ့ သီချင်းပါစာသားကို သူမရဲ့ Instagram မှာ ရေးသားထားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
သီချင်းဆိုရင်း စင်မြင့်ပေါ်က လိမ့်ကျခဲ့တဲ့ Madonna သီချင်းဆိုရင်း စင်မြင့်ပေါ်က လိမ့်ကျခဲ့တဲ့ Madonna Reviewed by သစ်ထူးလွင် on 14:45 Rating: 5
Powered by Blogger.