ပြင်သစ်နှင့် ဘယ်လ်ဂျီယံ တို့ကို တိုက်ခိုက်မည်ဟု ISIS အဖွဲ့ခြိမ်းခြောက်


တီဟီရန် ၊ ၁၆-၂-၂၀၁၅

ပြင်သစ်နိုင်ငံ နှင့် ဘယ်လ်ဂျီယံ နိုင်ငံတို့တွင် တိုက်ခိုက်မှုများ ထပ်မံ လုပ်ဆောင် သွားမည်ဟု ISIS စစ်သွေးကြွ များက ဗီဒီယိုဖိုင်မှ တစ်ဆင့် ခြိမ်းခြောက် ပြောကြား လိုက်ကြောင်း သိရသည်။

အဆိုပါ ဗီဒီယိုဖိုင်ကို ISIS စစ်သွေးကြွ များက ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ဖော် ပြသခဲ့ခြင်း ဖြစ်ပြီး ဗီဒီယိုခွေ၏ အမည်ကို " A Message to France " ဟု အမည်ပေး ထားသည်ဟု သိရသည်။ ဥရောပ နိုင်ငံကြီး နှစ်နိုင်ငံ ဖြစ်သော ပြင်သစ် နှင့် ဘယ်လ်ဂျီယံ နိုင်ငံတို့တွင် တိုက်ခိုက်မှုများ စတင်ရန် အတွက် ၄င်းတို့ အနေဖြင့် ညွှန်ကြားချက် များကို စောင့်ဆိုင်းလျက် ရှိကြောင်း ကိုးမိနစ်ကြာ ဗီဒီယိုဖိုင်မှ တစ်ဆင့် ISIS စစ်သွေးကြွ များအဖွဲ့က ပြောကြား ထားသည်။

ပြင်သစ်နိုင်ငံ အတွက် အိပ်မက်ဆိုးသည် ယခုမှစ၍ စတင်ပြီ ဖြစ်ကြောင်းနှင့် ၄င်းတို့အဖွဲ့ အနေဖြင့် ပဲရစ်မြို့တွင်း ၌ တိုက်ခိုက်မှု များကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ISIS စစ်သွေးကြွ အကြမ်းဖက် သမားများက ပြောကြား ခဲ့သည်။

ISIS စစ်သွေးကြွ အကြမ်းဖက် အဖွဲ့၏ အဆိုပါ ခြိမ်းခြောက် ပြောကြားမှု ဗီဒီယိုသည် ပြင်သစ် နိုင်ငံတွင်းရှိ Charlie Bebdo မဂ္ဂဇင်းတိုက် နှင့် စူပါမားကတ် တစ်ခု တိုက်ခိုက် ခံရမှု အပါအဝင် ၄င်းနိုင်ငံ အတွင်း၌ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့ပြီးနောက် တစ်လ အကြာတွင် ထွက်ပေါ် လာခြင်း ဖြစ်သည်။

‪‎PyiChitThar‬
http://www.pyichitthar.com/2015/02/isis_15.html
ပြင်သစ်နှင့် ဘယ်လ်ဂျီယံ တို့ကို တိုက်ခိုက်မည်ဟု ISIS အဖွဲ့ခြိမ်းခြောက် ပြင်သစ်နှင့် ဘယ်လ်ဂျီယံ တို့ကို တိုက်ခိုက်မည်ဟု ISIS အဖွဲ့ခြိမ်းခြောက် Reviewed by သစ်ထူးလွင် on 15:33 Rating: 5
Powered by Blogger.