ဟိုးလေးတကျော်ဖြစ်ခဲ့သည့် ထိုင်းအမျိုးသား ၃ ဦး လက်ထပ်ပွဲ


ထိုင်းနိုင်ငံမှာ လိင်တူ အမျိုးသား ၃ ဦး အချင်းချင်း လက်ထပ်တဲ့ကိစ္စ ထိုင်းလူမှုကွန်ရက်တွေမှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဗာလင်တိုင်း ခေါ် ချစ်သူများနေ့က ထိုင်းနိုင်ငံမှာ ချစ်သူစုံတွဲတွေ ထူးထွေဆန်းပြားတဲ့ ပုံစံအမျိုးမျိုး ဥပမာ ဆင်ပေါ်မှာ လက်ထပ်တာ၊ ရေထဲမှာ လက်ထပ်တာ၊ သိုးတိရစ္ဆာန်ကြားထဲ လက်ထပ်တာ စတဲ့ ရင်ခုန်လှုပ်ရှားဖွယ် ပုံစံအမျိုးမျိုးနဲ့  အမှတ်တရ လက်ထပ်ကြတဲ့ထဲမှာ အမျိုးသား ၃ ဦး လက်ထပ်တဲ့သတင်းက ဟိုးလေးတကြော် ဖြစ်ခဲ့တာပါ။

ထိုင်းနိုင်ငံ အရှေ့ပိုင်း အူထိုင်းဌာနီခရိုင်က  အသက် ၂၀ နဲ့ ၃၀ ရွယ် ၀န်းကျင်ရှိ  ကျူတ်၊ ဘယ်လ် နဲ့ အာ့ထ် အမည်ရှိ ထိုင်းအမျိုးသား (ဂေး) ၃ ဦးရဲ့ ထူးခြားတဲ့ လက်ထပ်ပွဲကြောင့် ထိုင်းမီဒီယာတွေကလည်း တွေ့ဆုံမေးမြန်းခန်းတွေ  ထုတ်လွှင့်ခဲ့ပါတယ်။

“ဖြူစင်သောချစ်ခြင်းကို နှလုံးသားနဲ့ကြည့်မှ မြင်နိုင်မယ်” ဆိုတဲ့ ခေါင်းစည်းဆောင်ပုဒ်ပါတဲ့ သူတို့ လက်ထပ်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က အူထိုင်းဌာနီမြို့မှာ လူသိရှင်ကြား လက်ထပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

သူတို့ ၃ ဦးဟာ လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက စီးပွားရေးလုပ်ငန်းတခုကို အတူတကွလုပ်ကိုင်ခဲ့ပြီး လုပ်ငန်းခွင်အခက်အခဲတွေကို စိတ်တူကိုယ်တူဖြေရှင်းရာက သံယောဇဉ်ပိုတွယ်ခဲ့ပြီး သူငယ်ချင်းထက်ပိုတဲ့ မေတ္တာတွေနဲ့  ၃ ယောက်လုံး အတူလက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာလို့ ချနယ်လ် ၃ အင်တာဗျူးမှာ ဖြေကြားပါတယ်။

သူတို့ ၃ ဦးကြား တချိန်ချိန်မှာ တစုံတယောက်ထပ်ဝင်လာရင် ဘယ်လိုလုပ်မလဲဆိုတဲ့ သတင်းထောက်ရဲ့ အမေးကိုတော့ ရှိတာနဲ့ ကျေနပ် ရောင့်ရဲခြင်းဟာ အဓိကပဲလို့  ဖြေဆိုခဲ့ပါတယ်။

ဒီမတိုင်ခင်က သူတို့မှာ သူငယ်ချင်းလိုလို ရည်းစားလိုလို မိန်းကလေးတွေ တွေ့ခဲ့ပေမယ့် အတည်မဖြစ်ခဲ့ကြောင်း၊ တဦးနဲ့တဦးကြား မနာလိုဝန်တိုမှုတွေလည်း မရှိဘူးလို့ ဆိုပါတယ်။

အမှန်စင်စစ် ထိုင်းနိုင်ငံမှာ လိင်တူချင်းလက်ထပ်ထိမ်းမြားခွင့်ရှိတဲ့ ဥပဒေမပေါ်ပေါက်သေးပေမယ့် သူတို့ ၃ ဦးဟာ လိင်ကွဲပြားမှုထက် တဦးကိုတဦး ယုံကြည်စိတ်ချခြင်း၊၊ နားလည်မှုပေးနိုင်ခြင်း နဲ့ သံယောဇဉ်တွေကို အဓိကထားပြီး လက်ထပ်ခဲ့တာလို့ သတင်ေးထာက်တွေကို ပြောသွားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/?p=82608
ဟိုးလေးတကျော်ဖြစ်ခဲ့သည့် ထိုင်းအမျိုးသား ၃ ဦး လက်ထပ်ပွဲ ဟိုးလေးတကျော်ဖြစ်ခဲ့သည့် ထိုင်းအမျိုးသား ၃ ဦး လက်ထပ်ပွဲ Reviewed by သစ်ထူးလွင် on 04:56 Rating: 5
Powered by Blogger.