ရွှေပြည်သာ ဆန္ဒပြအလုပ်သမားတွေ သတင်းစာရှင်းလင်း

Photo: Wai Mar Tun , Pyone Moet Moet Zin/RFA
ရွှေပြည်သာစက်မှုဇုန်မှာရှိတဲ့ အထည်ချုပ်စက်ရုံ ၃ ရုံက ဆန္ဒပြအလုပ်သမားတွေဟာ အလုပ်ရှင်နဲ့ ညှိနှိုင်းမှုပြေလည်သွားတယ်ဆိုပြီး သတင်းထွက်ပေါ်နေတာတွေဟာ မမှန်ကန်တဲ့အကြောင်း အလုပ်သမားတွေ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

Costec ၊ Ford Glory နဲ့ Eland Myanmar စက်ရုံ ၃ ရုံမှာ မူလက ဆန္ဒပြအလုပ်သမား ၂ဝဝဝ ကျော်ရှိပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရဲဝန်ထမ်းတွေရဲ့ဖမ်းဆီးခဲ့မှုတွေကြောင့် စက်ရုံထဲပြန်ဝင်ကြသူတွေရှိသလို လုပ်ခလစာတိုးမြှင့်ရရှိဖို့ နေအိမ်ကသာ စောင့်ဆိုင်းသူတွေရှိတာကြောင့် လက်ရှိမှာတော့ စုပေါင်းသပိတ်စခန်းမှာ လူဦးရေ ၈ဝဝ လောက်သာ ကျန်ရှိပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127
ရွှေပြည်သာ ဆန္ဒပြအလုပ်သမားတွေ သတင်းစာရှင်းလင်း ရွှေပြည်သာ ဆန္ဒပြအလုပ်သမားတွေ သတင်းစာရှင်းလင်း Reviewed by သစ်ထူးလွင် on 15:17 Rating: 5
Powered by Blogger.