အောင်ဇေယျ ကြိုးတံတားအဆင်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားရာ တစ်ဦးသေ ၊ သုံးဦး ဒဏ်ရာရ



Share/Bookmark

ရန်ကုန် ၊ ၄-၂-၂၀၁၅

ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် အောင်ဇေယျ ကြိုးတံတား အဆင်း၌ ယမန်နေ့ နံနက် ၇ နာရီခန့်တွင် မေတ္တာလှိုင်း ယာဉ်မှ တိုက်မိ၍ လူတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိ သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၇ နာရီခန့်တွင် ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသော မေတ္တာလှိုင်း(၅) ခရီးသည်တင် ဘတ်စ်ကား(ငှား) ယာဉ်သည် အောင်ဇေယျ ကြိုးတံတားလမ်း အတိုင်း အနောက်မှ အရှေ့သို့ အရှိန်ပြင်းစွာ မောင်းနှင်လာစဉ် အောင်ဇေယျ ကြိုးတံတား အဆင်းအရောက်၌ ရှေ့မှသွားနေသော ယာဉ်အား ကျော်တက်ရာမှ လမ်းအလယ်တွင် ချထားသော ကတ်တုံးများနှင့် ကတ်တုံးများ အလယ်တွင် ရပ်နေသော မငွေအိမ်စည် အသက် ၂ဝ နှစ်(ဘ) ဦးအောင်ဝင်း ဒုတိယနှစ် အဝေးသင် အမှတ်(၄၇/ခ) ချမ်းမြေ့ သာယာလမ်း ကမ်းနား အနောက်ရပ်ကွက် အင်းစိန်မြို့နယ် နေသူအား ဝင်ရောက် တိုက်မိပြီး ရှေ့ယာဘက်ဘီး ကျွတ်ထွက်ကာ တံတားအဆင်း ကတ်တုံးများ အလယ်တွင် ရပ်တန့်သွားသည်။

ယာဉ်တိုက်မှုကြောင့် မငွေအိမ်စည် မှာ အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံး သွားသည်။ ၄င်းအပြင် မေတ္တာလှိုင်း ယာဉ်ပေါ်တွင် လိုက်ပါစီးနင်း လာသော ကိုစောထွန်းနိုင် ၃၈ နှစ် (ဘ) ဦးအောင်ကြိုင် လှိုင်သာယာ မြို့နယ် နေသူတွင် ယာချိုစောင်း ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ)၊ မမာမာလွင် ၂၂ နှစ်(ဘ) ဦးတင်ဝင်း လှိုင်သာယာ နေသူတွင် ယာချိုစောင်း ဖူးယောင် ဒဏ်ရာ(မစိုးရိမ်ရ )၊ မတင်မေဦး ၂၅ နှစ်(ဘ) ဦးကျော်ဦး လှိုင်သာယာ နေသူတွင် ဝဲပေါင်နာကျင် ဒဏ်ရာ(မစိုးရိမ်ရ) များရရှိကာ အင်းစိန်ဆေးရုံ တွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် မေတ္တာလှိုင်း(၅) ယာဉ်မှာ တန်ဖိုးငွေကျပ် ငါးသိန်းဖိုးခန့် ပျက်စီးဆုံးရှုံးပြီး ယာဉ်မောင်းမှာ အခင်းဖြစ်ပွားရာ နေရာမှ ထွက်ပြေး တိမ်းရှောင် သွားကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အမှတ်(၁၇) ယာဉ်ထိန်းရဲ တပ်ဖွဲ့စခန်းမှ မေတ္တာလှိုင်း(၅) ယာဉ်မောင်း (စုံစမ်းဆဲ)အား (ပ)၁၅/၂ဝ၁၅ ပြစ်မှုပုဒ်မ- ၃ဝ၄-က/ ၃၃၈/၂၇၉/ ၂ဝ၂ အရ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ၀၅၀

PyiChitThar
http://www.pyichitthar.com/2015/02/blog-post_3.html

Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ