မင်္ဂလာဆောင်သွားမည့် အမျိုးသမီးတစ်ဦး ဓာတ်လှေကားအတွင်းပိတ်မိ


ရန်ကုန် ဖေဖော်ဝါရီ ၁၅

ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၆ နာရီက စမ်းချောင်းမြို့နယ် မြေနီကုန်း(တောင်)ရပ်ကွက် အောင်တော် မူလမ်း တိုက်အမှတ် (၂၄၉) ရှစ်ထပ်ခွဲတိုက် တွင် မင်္ဂလာဆောင်သို့ သွားမည့် အမျိုးသမီးတစ်ဦး ဓာတ်လှေကား အတွင်း နာရီဝက်ကျော် ပိတ်မိနေကြောင်း သိရသည်။

ယင်းတိုက်လေးထပ်တွင် နေထိုင်သူ မမေသော်ဟိန်း(၂၄ နှစ်)သည် မင်္ဂလာဆောင်သို့သွားရန် ဓာတ်လှေကားဖြင့် ဆင်းလာစဉ် မြေညီထပ်အရောက်၌ ဓာတ်လှေကားတံခါးဖွင့်၍မရဘဲ ပိတ်မိနေခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ရာသို့ စမ်းချောင်းမြို့ နယ် မီးသတ်တပ်ဖွဲ့မှ မြို့နယ်မီးသတ် ဦးစီးမှူး ဦးကျော်လွင်ဦးနှင့် အဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ရာ ပိတ်နေသော ဓာတ်လှေကားတံခါးကို နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ဖွင့် ပေးနိုင်ခဲ့သည်။

ကိုကြီးတင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မင်္ဂလာဆောင်သွားမည့် အမျိုးသမီးတစ်ဦး ဓာတ်လှေကားအတွင်းပိတ်မိ မင်္ဂလာဆောင်သွားမည့် အမျိုးသမီးတစ်ဦး ဓာတ်လှေကားအတွင်းပိတ်မိ Reviewed by သစ်ထူးလွင် on 03:24 Rating: 5
Powered by Blogger.