ပျက်ကျသည့် MiG-27 လေယာဉ်နှင့် တိုက်မိသည့် ဆိုင်ကယ်စီးသူ အသက်ရှင်


မွမ်ဘိုင်း ၊ ၃၀-၁-၂၀၁၅

အိန္ဒိယ လေတပ်သုံး MiG-27 တိုက်လေယာဉ် သည် နိုင်ငံအနောက် မြောက်ပိုင်းတွင် ဇန်နဝါရီ ၂၇ ရက် ညနေ ၃ နာရီခန့်က ပျက်ကျသွား ခဲ့ပြီး ပျက်ကျ သွားသည့် အဆိုပါ လေယာဉ်၏ အစိတ်အပိုင်း တစ်ခုမှာ ဆိုင်ကယ် မောင်းနှင်လာသူ အမျိုးသား တစ်ဦးနှင့် တိုက်မိ သွားခဲ့သော်လည်း ဆိုင်ကယ် မောင်းနှင် လာသူမှာ အသက်ရှင် ခဲ့ကြောင်း သိရသည်။

လွန်းဆင်း အမည်ရှိ အသက် ၂၆ နှစ်အရွယ် အဆိုပါ အမျိုးသားသည် ၄င်း မင်္ဂလာ ဧည့်ခံပွဲအတွက် မင်္ဂလာဖိတ်စာ ဝေရန် ရာဂျက်စတန် ပြည်နယ် ဘားမားမြို့ အပြင်ဘက်ရှိ ကျေးရွာ တစ်ရွာသို့ မော်တော် ဆိုင်ကယ်ဖြင့် မောင်းနှင် လာစဉ်တွင် ပျက်ကျလာသော MiG-27 တိုက်လေယာဉ် ၏ အစိတ်အပိုင်း တစ်ခုနှင့် ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

လေယာဉ်ပျက်နှင့် ဆိုင်ကယ် တိုက်မိခဲ့ သော်လည်း လွန်းဆင်း မှာ ကံကောင်း ထောက်မစွာဖြင့် ဒဏ်ရာ အပြင်းအထန် မရရှိဘဲ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်သာ ရရှိ ခဲ့ကြောင်း သိရသည်။

‪‎PyiChitThar‬
http://www.pyichitthar.com/2015/01/mig-27.html
ပျက်ကျသည့် MiG-27 လေယာဉ်နှင့် တိုက်မိသည့် ဆိုင်ကယ်စီးသူ အသက်ရှင် ပျက်ကျသည့် MiG-27 လေယာဉ်နှင့် တိုက်မိသည့် ဆိုင်ကယ်စီးသူ အသက်ရှင် Reviewed by သစ်ထူးလွင် on 12:34 Rating: 5
Powered by Blogger.