ဟူသီ သူပုန်တွေကို ယီမင်တွေ ဆန္ဒပြ


ယီမင် နိုင်ငံ ဆာနာ မြို့တော်ကို ထိန်းချုပ်နေတဲ့ ဟူသီ သူပုန်တွေကို
ထောင်နဲ့ချီတဲ့ ယီမင် နိုင်ငံသားတွေ က ဆန္ဒပြခဲ့ကြပါတယ်။
ဆာနာ မြို့တော် ကို ထိန်းချုပ် နေတဲ့ ဟူသီ သူပုန်တွေ
ဆာနာ မြို့တော် ကို ထိန်းချုပ် နေတဲ့ ဟူသီ သူပုန် တွေကို ထောင်နဲ့ချီတဲ့ ယီမင် နိုင်ငံသား တွေ က ဆန္ဒပြ ခဲ့ကြ ပါတယ်။

သူပုန် တွေရဲ့ ဖိအား ကြောင့် ကြာသပတေး နေ့ က နုတ်ထွက် သွားတဲ့ ယီမင် သမ္မတ ဟောင်း အဘက် ဒရာဘူ မန်ဆူ ဟာဒီ ရဲ့ အိမ်ကို ချီတက် ဆန္ဒပြ ခဲ့ကြပြီး နုတ်ထွက်မှု ကို ကန့်ကွက် ခဲ့ကြပါတယ်။

ယီမင် တောင်ပိုင်းက မြို့တွေ မှာ လည်း အလားတူ ချီတက် ဆန္ဒပြ ခဲ့ကြပါတယ်။

ဘာသာရေး နဲ့ ဒေသ ကွဲပြားမှု တွေကြောင့် နိုင်ငံ ၂ ခြမ်းကွဲ မှာကို စိုးရိမ် နေကြပါတယ်။

သမ္မတ ၊ ဝန်ကြီးချုပ် နဲ့ အစိုးရ အဖွဲ့ တခုလုံး တခါထဲ နှုတ်ထွက် သွားတာ မျိုး မျှော်လင့် မထားတဲ့ အတွက် နိုင်ငံရေး အသိုင်း အဝိုင်း သာမက သာမန် ယီမင် နိုင်ငံသား တွေပါ ထိတ်လန့် သွားကြ ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2015/01/150124_yemen_protest
ဟူသီ သူပုန်တွေကို ယီမင်တွေ ဆန္ဒပြ ဟူသီ သူပုန်တွေကို ယီမင်တွေ ဆန္ဒပြ Reviewed by သစ်ထူးလွင် on 20:56 Rating: 5
Powered by Blogger.