၂၀၁၅ စစ်ရေးလေ့ကျင်မှု ဒေသတွင်း စစ်ပွဲများကို အောင်နိုင်ရန်ဟု တရုတ်ပြော


၂၀၁၅ ခုနှစ် တရုတ်ရဲ့ စစ်ရေး လေ့ကျင်မှုတွေက ဒေသတွင်း စစ်ပွဲတွေကို အနိုင်ရဖို့နဲ့ စွမ်းရည်တိုးတက်ဖို့ ဦးတည် လေ့ကျင့်တာလို့ ပြောပါတယ်။

ကာကွယ်ရေး ၀န်ကြီးဌာန ပြောခွင့်ရ အဆင့်မြင့် အရာရှိ ယန်ယူဂျန်က တိုက်ခိုက်ရေး စွမ်းရည် မြင့်တက်ဖို့ဆိုတဲ့ အချက်ကို တရုတ်လူထု လွတ်မြောက်ရေး တပ်မတော် (PLA) က ခိုင်မာ ယုံကြည်ထား တယ်လို့ ဇန်န၀ါရီ ၃၀ ရက်က သတင်းထောက် တွေကို ပြောတဲ့ အကြောင်း အေအက်ဖ်ပီသတင်းမှာ ရေးပါတယ်။

ဒေသတွင်း စစ်ပွဲတွေ အနိုင်ရရှိဖို့ အတွက် စွမ်းရည်တိုးတက်ဖို့ နိုင်ငံခြား တပ်ဖွဲ့တွေနဲ့ယှဉ်ပြိုင်ဖို့ ပူးပေါင်း စစ်ရေး လေ့ကျင်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း သူက ပြောပါတယ်။

ဒေသတွင်း စစ်ပွဲဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး အသေးစိတ်ရှင်းရှင်းလင်း ပြောဆိုခြင်းမရှိသလို တရုတ်က ဂျပန်၊ ဖိလစ်ပိုင်တို့နဲ့ တောင်တရုတ်နဲ့ အရှေ့တရုတ် ပင်လယ်မှာ ရေပိုင်နက်ကိစ္စ အငြင်းပွားနေပါတယ်။

ဒါအပြင် တရုတ်က အိန္ဒိယ သမုဒ္ဒရာမှာလည်း ၂၀၀၈ ကတည်းက စစ်သင်္ဘော အမျိုးမျိုးစေလွှတ်ပြီး စောင့်ကြည့်ရေး တာဝန်တွေနဲ့ ပင်လယ်ဓားပြ တိုက်ဖျက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

တရုတ်က ရေတပ်ကို တိုးချဲ့လာသလို ကမ်းခြေကနေ အတော်ဝေးဝေးကိုလည်း စစ်သင်္ဘောတွေ စေလွှတ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေ၊ စောင့်ကြည့်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/79327
၂၀၁၅ စစ်ရေးလေ့ကျင်မှု ဒေသတွင်း စစ်ပွဲများကို အောင်နိုင်ရန်ဟု တရုတ်ပြော ၂၀၁၅ စစ်ရေးလေ့ကျင်မှု ဒေသတွင်း စစ်ပွဲများကို အောင်နိုင်ရန်ဟု တရုတ်ပြော Reviewed by သစ်ထူးလွင် on 15:06 Rating: 5
Powered by Blogger.