အန်ကောဝပ်ဘုရားကျောင်းတွင် ကိုယ်လုံးတီး ဓာတ်ပုံများ ရိုက်ကူးခဲ့သော ပြင်သစ်နိုင်ငံ သားများအား ဖမ်းဆီး


ဖနွမ်းပင် ဇန်နဝါရီ ၃ဝ

ကမ္ဘောဒီးယားနိုင်ငံ၏ ကမ္ဘာကျော်ဘုရားကျောင်း တစ်ခုဖြစ်သည့် အန်ကောဝပ်ဘုရား ကျောင်းဝင်းထဲတွင် ဝတ်လစ်စလစ်ဓာတ်ပုံများ ရိုက်ခဲ့သည့် ပြင်သစ်နိုင်ငံသား သုံးဦးကို လုံခြုံရေး အရာရှိများက ဖမ်းဆီးခဲ့ကြောင်း သိရ သည်။

ဇန်နဝါရီ ၂၉ ရက်က အန်ကောဝပ်ဘုရားကျောင်းဝင်း ရှိ ''ဘန်တေကိတ်ဒ်'' ဘုရားထဲတွင် အဆိုပါ ပြင်သစ် နိုင်ငံသားသုံးဦးကို တွေ့ရှိခဲ့ကြောင်း အန်ကောဝပ်ဘုရား ကျောင်းထိန်းသိမ်း စောင့်ရှောက်ရေး အစိုးရအေဂျင်စီ အဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။

''အန်ကောဝပ်ဟာ ဘာသာရေး ဆိုင်ရာနေရာပါ။ သူတို့တွေရဲ့ အပြုအမူတွေနဲ့ လုံးဝမအပ်စပ်ပါ ဘူး''ဟု ၎င်းက ဆက်လက်ပြောသည်။

ဖမ်းဆီးခြင်းခံခဲ့ရသော နိုင်ငံခြားသားများသည် ပြင်သစ်လူမျိုးများဖြစ်ကြောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးလုံခြုံရေးအရာရှိတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။ ထိုကဲ့သို့ ယဉ်ကျေးမှုဆိုင်ရာ နေရာများ တွင် အချို့သောနိုင်ငံခြားသားများ၏ အပြုအမူများသည် ဒေသခံပြည်သူများကို စိတ်အနှောင့်အယှက်ဖြစ်စေသည်ဟု ¤င်းက ဆက်လက်ပြောသည်။

''သူတို့တွေရဲ့ အပြုအမူတွေက ယဉ်ကျေးမှုကို ထိခိုက်စေတယ်။ ဘယ်သူမှ ဘုရားကျောင်းဝင်းထဲမှာ ကိုယ်လုံးတီးဓာတ်ပုံရိုက်လို့မရပါဘူး'' ဟု ၎င်းက အေအက်ဖ်ပီသတင်းဌာနသို့ ပြောသည်။

ဘုရားကျောင်းဝင်းထဲတွင် အာရှမိန်းကလေးများအား ကိုယ်လုံးတီးဓာတ်ပုံရိုက်ကူးကာ အွန်လိုင်းသို့တင်ခဲ့ပြီး နောက် ရက်အနည်းငယ်အကြာတွင် ¤င်းတို့အား ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။ အန်ကောဝပ်ဘုရားကျောင်း ထိန်းသိမ်း စောင့်ရှောက်ရေးအစိုးရအေဂျင်စီက အဆိုပါ ပြင်သစ် နိုင်ငံသားသုံးဦးအား အမှုဖွင့်ထားသည်။
(အေပီ)

The Mirror Daily
https://www.facebook.com/TheMirrorDaily
အန်ကောဝပ်ဘုရားကျောင်းတွင် ကိုယ်လုံးတီး ဓာတ်ပုံများ ရိုက်ကူးခဲ့သော ပြင်သစ်နိုင်ငံ သားများအား ဖမ်းဆီး  အန်ကောဝပ်ဘုရားကျောင်းတွင် ကိုယ်လုံးတီး ဓာတ်ပုံများ ရိုက်ကူးခဲ့သော ပြင်သစ်နိုင်ငံ သားများအား ဖမ်းဆီး Reviewed by သစ်ထူးလွင် on 07:44 Rating: 5
Powered by Blogger.