ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ကော်စက်ရုံ၌ မီးလောင်မှုဖြစ်



ရန်ကုန်၊ ဇန်န၀ါရီ ၂၅

၂၅.၁.၂၀၁၄ ရက်နေ့ ၀၂၃၀ အချိန်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၃)ရပ်ကွက်၊ ဆည်တော်(၁)လမ်းရှိ ကော်စက်ရုံမှ စတင်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာမှ ၎င်းနှင့်ခြံချင်း ကပ်လျက်ရှိ နေအိမ်သို့ ကူးစက်လောင်ကျွမ်းခဲ့ ကြောင်း၊ ပတ်ဝန်းကျင်မှ ပြည်သူများ၊ တာဝန်ရှိသူများနှင့် မီးသတ်ယာဉ်များ ရောက်ရှိ ငြှိမ်းသတ်ခဲ့သဖြင့် ၀၃၀၀ အချိန်တွင် မီးငြိမ်း သွားခဲ့ကြောင်း သိရှိရ ပါသည်။

မီးလောင်မှုကြောင့် ကော်စက်ရုံ အဆောက်အဦနှင့် ပျဉ်ထောင်အိမ်တစ်လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် တာဝန်ရှိသူများမှ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ကော်စက်ရုံ၌ မီးလောင်မှုဖြစ် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ကော်စက်ရုံ၌ မီးလောင်မှုဖြစ် Reviewed by သစ်ထူးလွင် on 05:01 Rating: 5
Powered by Blogger.