လမ်းလျှောက်နေသူတစ်ဦး ယာဉ်တိုက်ခံရသဖြင့် ဦးခေါင်း ကြေမွ သေဆုံး


ရန်ကုန်၊ ဇန်န၀ါရီ ၃၀

၂၉.၁.၂၀၁၅ ရက်နေ့ ၀၇၃၀ အချိန်တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၂)လမ်းအတိုင်း လေးထောင့် ကန်ဘက်မှ တောင်/မြောက် လမ်းဆုံဘက်သို့ ဗိုလ်တထောင်မြို့နယ်နေ ယာဉ်မောင်း ကိုအောင်ဖြိုးပိုင်(၃၀)နှစ်မောင်းနှင် လာသော ၁င/-----SCANIA(၁၈)ဘီး နောက်တွဲ ယာဉ်သည် အင်းဝ လမ်းထိပ် အရောက် ၎င်း၏ရှေ့မှ လမ်းလျှောက်နေသူ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေ ဦးသိန်းစိုး (၅၀)နှစ်အား ၀င်ရောက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်တိုက်ခံရသူ ဦးသိန်းစိုးမှာ ဦးခေါင်း ကြေမွဒဏ်ရာ ရရှိကာ အခင်းဖြစ်နေရာ တွင်သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင် မောင်းနှင်သူ ကိုအောင်ဖြိုးပိုင်အား ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့မရဲစခန်း ယာဉ်(ပ)၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

လမ်းလျှောက်နေသူတစ်ဦး ယာဉ်တိုက်ခံရသဖြင့် ဦးခေါင်း ကြေမွ သေဆုံး လမ်းလျှောက်နေသူတစ်ဦး ယာဉ်တိုက်ခံရသဖြင့် ဦးခေါင်း ကြေမွ သေဆုံး Reviewed by သစ်ထူးလွင် on 21:11 Rating: 5
Powered by Blogger.