Miss Supranational ပြိုင်ပွဲ၏ NC Top 10 စာရင်းတွင် မြန်မာအလှမယ် ဟန်သီ ပါဝင်


Miss Supranational 2014 ပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင် နေသူ ဟန်သီက ပြိုင်ပွဲကြီး၏တရား ဝင်မီဒီယာပါတနာ ဖြစ်သည့် Global Beauties က ရွေးချယ်သည့် National Costume Top 10 စာ ရင်းတွင် ပါဝင်ကြောင်းသိရသည်။

ထို့ပြင် နိုင်ငံတကာ အလှမယ် ပြိုင်ပွဲများမှာ စိစစ် ရွေးချယ်အကဲ ဖြတ်ပေးနေသည့် Ideal Beauty မှ ရွေးချယ်လိုက်သည့် Costume Top 8 စာရင်းတွင်လည်း ပါဝင် နေသူဖြစ်သည်။

National Costume Top 10 စာရင်းဝင်သူများမှာဘိုလီဗီးယားအ လှမယ်၊ Ei Salvador အလှမယ်၊ အိုက်စလန်အလှမယ်၊ အိန္ဒိယအလှ မယ်၊ အင်ဒိုနီးရှားအလှမယ်၊ ဂျပန် အလှမယ်၊ မြန်မာအလှမယ်၊ ပနား မားအလှမယ်၊ ပွာတိုရီကိုအလှမယ်၊ USA အလှမယ်တို့ပါဝင်ကြောင်း သိရသည်။

မြန်မာအလှမယ်ဟန်သီ ၏ဝတ်စုံကို ဒီဇိုင်နာမပုံ့က ချုပ် ပေးထားခြင်းဖြစ် သည်။

Miss Supranational 2014 ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၇၁ဦးပါဝင် ပြီး Miss Internet ဆုကို ဖိလစ် ပိုင်အလှမယ်က မဲအများဆုံးဖြစ်နေ ပြီး မြန်မာအလှမယ်က ဒုတိယမဲ အများဆုံးဖြစ်နေကြောင်း သိရ သည်။

Miss Supranational 2013 ပြိုင်ပွဲကို မြန်မာအလှမယ်ခင်ဝင့်ဝါ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Miss Internet, Most Beautiful Girl in the World, People Choice Award နှင့် Face of Miss Supranational ဆုတို့ကို ရရှိခဲ့သည်။ Miss Supranational 2013 ပြိုင်ပွဲကြီး ကို ယခုလ ၅ရက်တွင် Final ကျင်းပ မည်ဖြစ်သည်။

မေစုဟန်
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf
Miss Supranational ပြိုင်ပွဲ၏ NC Top 10 စာရင်းတွင် မြန်မာအလှမယ် ဟန်သီ ပါဝင် Miss Supranational ပြိုင်ပွဲ၏ NC Top 10 စာရင်းတွင် မြန်မာအလှမယ် ဟန်သီ ပါဝင် Reviewed by သစ်ထူးလွင် on 17:26 Rating: 5
Powered by Blogger.