ဆစ်ဒနီမြို့ ရှိ ကော်ဖီဆိုင်ကို ရဲတပ်ဖွဲ့ ဝင်များက ၀င်ရောက်စီးနင်း - Live on ABC news (Australia)




သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က ကော်ဖီဆိုင်တခုမှာ လက်နက်ကိုင်တယောက်က လူတချို့ကို ဓားစာခံ ဖမ်းထားမှုကို ခုချိန်မှာ ရဲတွေက ၀င်ရောက်စီးနင်း သိမ်းယူလိုက်ပါပြီ။

ကော်ဖီဆိုင်တွင် ပြန်ပေးဆွဲ ပြုလုပ်နေသော သေနတ်သမားမှာ အီရန်နိုင်ငံမှ လာရောက်ပြီး သြစတြေးလျတွင် နိုင်ငံရေးခိုလှုံ၍ နေထိုင်နေသူ ဘုန်းတော်ကြီး Man Haron Monis ဖြစ်ပြီး၊ ၄င်းမှာ သူ၏ယခင်ဇနီးဟောင်း သတ်ဖြတ်မှုနှင့် ဆက်စပ်၍ အာမခံဖြင့် ရဲများက လွှတ်ပေးထားသူ ဖြစ်ကြောင်း သိရသည်။

ထို့ပြင်၎င်းမှာ လိင်ပိုင်းဆိုင်ရာ နှင့်အခြားမဖွယ်မရာ တိုက်ခိုက်မှုများ အတွက် အမှုများ ရင်ဆိုင် နေရသူလည်း ဖြစ်ကြောင်း သိရသည်။

သူသည် လွန်ခဲ့သည့် ဆယ်နှစ်ကျော်က သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို.တွင် မှော်ပညာဆိုင်ရာ အလုပ်များလည်းလုပ်ကိုင်ခဲ့သူ ဖြစ်သည်ဟု Sydney Morning Herald သတင်းစာတွင် ဖော်ပြထားသည်။

ဆစ်ဒနီ မြို့လယ်က ကော်ဖီဆိုင်တခုကို ဝင်စီး ထားတဲ့ သေနတ် သမား
ဆစ်ဒနီမြို့ ရှိ ကော်ဖီဆိုင်ကို ရဲတပ်ဖွဲ့ ဝင်များက ၀င်ရောက်စီးနင်း - Live on ABC news (Australia) ဆစ်ဒနီမြို့ ရှိ ကော်ဖီဆိုင်ကို ရဲတပ်ဖွဲ့ ဝင်များက ၀င်ရောက်စီးနင်း - Live on ABC news (Australia) Reviewed by သစ်ထူးလွင် on 22:30 Rating: 5
Powered by Blogger.