အီရတ်နိုင်ငံမှ လုယက်လာသည့် ရေဒီယိုသတ္တိကြွ ယူရေနီယံများ သုံး၍ ISIS အဖွဲ့က နျူကလီးယား လက်နက် ထုတ်လုပ်နိုင်ဖွယ် ရှိဟုဆို

လန်ဒန် ၊ ၂-၁၂-၂၀၁၄

ISIS စစ်သွေးကြွ များသည် အီရတ် နိုင်ငံအတွင်းရှိ တက္ကသိုလ်တစ်ခု မှ ရေဒီယို သတ္တိကြွ ယူရေနီယံသတ္တု များကို အသုံးပြု၍ နျူကလီးယား လက်နက် ထုတ်လုပ်နိုင်ဖွယ် ရှိသည် ဟု ဗြိတိန်နိုင်ငံထုတ် သတင်းစာ တစ်စောင်က ယမန်နေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါ စစ်သွေးကြွ များသည် လွန်ခဲ့သည့်နှစ် ဇွန်လအတွင်းက မိုဆူလ် တက္ကသိုလ်ကို သိမ်းပိုက်ခဲ့ ပြီးနောက် ယင်း တက္ကသိုလ် အတွင်းမှ ယူရေနီယံ သတ္တုများကို လက်နက် ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ဖွယ် ရှိသည်ဟု Mirror သတင်းစာက ဖော်ပြခဲ့သည်။ ထို့ပြင် စစ်သွေးကြွ များသည် အဆိုပါ လက်နက် ထုတ်လုပ်သည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ လူမှုရေး ဝက်ဘ်ဆိုဒ်များသို့ တင်၍ ပြောကြားခဲ့သည်။

ယူရေနီယံ သတ္တုများကို အသုံးပြု၍ ထုတ်လုပ် လိုက်သည့် ဗုံးတစ်လုံးသည် လန်ဒန်မြို့ကို ဖျက်ဆီးပစ် နိုင်မည်ဟု စစ်သွေးကြွ များက ဝက်ဘ်ဆိုဒ်များ၌ ဖော်ပြခဲ့ကြောင်း သတင်းစာ က ထုတ်ပြန် ခဲ့သည်။ မိုဆူလ်တက္ကသိုလ် မှ ယူရေနီယံ သတ္တုများ လုယက်ခိုးယူ ခြင်းခံရမှုနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂဆိုင်ရာ အီရတ် သံအမတ်ကြီး မိုဟာမက်အလီ အယ်လ်ဟာကင် က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ သို့ လွန်ခဲ့သည့်နှစ် ဇွန် ၈ ရက်က အကြောင်းကြား ထားခဲ့ပြီး စစ်သွေးကြွ များသည် အဆိုပါ နျူကလီးယား ပစ္စည်းများကို လက်နက် ထုတ်လုပ် ပြီးနောက် ဆီးရီးယား သို့မဟုတ် အီရတ်နိုင်ငံ အတွင်း အသုံးပြုနိုင်ဖွယ် ရှိကြောင်း ဘန်ကီမွန်း ထံသို့ ရေးသားပေးပို့ ခဲ့သည့်စာ၌ အယ်လ်ဟာကင် က ပြောကြား ခဲ့ကြောင်း သိရသည်။

#PyiChitThar

http://www.pyichitthar.com/2014/12/isis.html


အီရတ်နိုင်ငံမှ လုယက်လာသည့် ရေဒီယိုသတ္တိကြွ ယူရေနီယံများ သုံး၍ ISIS အဖွဲ့က နျူကလီးယား လက်နက် ထုတ်လုပ်နိုင်ဖွယ် ရှိဟုဆို အီရတ်နိုင်ငံမှ လုယက်လာသည့် ရေဒီယိုသတ္တိကြွ ယူရေနီယံများ သုံး၍ ISIS အဖွဲ့က နျူကလီးယား လက်နက် ထုတ်လုပ်နိုင်ဖွယ် ရှိဟုဆို Reviewed by သစ်ထူးလွင် on 19:47 Rating: 5
Powered by Blogger.