စပိုင်ဟုစွပ်စွဲခံရသူကို IS အဖွဲ့က လူမြင်ကွင်းတွင် ကားစင်တင်သတ်၊ သူခိုးတစ်ဦးကို လက်ဖြတ်ပြီး ဝိုင်ခိုးသောက်သူများကို ကြိမ်ဒဏ်ပေး


အယ်ဘက် ဒီဇင်ဘာ ၂ဝ

အစ္စလာမ္မစ် နိုင်ငံတော်(IS)အဖွဲ့သည် စပိုင်ဟု စွပ်စွဲခံရသူ တစ်ဦးကို လက်ဝါး ကပ်တိုင်တွင် ကားစင်တင် သတ်ခဲ့သည့် ဓာတ်ပုံတစ်ခုကို ထုတ်လွှင့်ခဲ့ ပြီးနောက် ယမန်နေ့တွင် ဆီးရီးယား မြို့တော်တစ်ခု ဖြစ်သော အယ်ဘက်၌ သူခိုးတစ်ဦးကို လူမြင်ကွင်းတွင် လက်ဖြတ်ခဲ့ကြောင်း ဒေး လီးမေးလ် သတင်းဌာနက ယနေ့ဖော်ပြ သည်။

အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီးနောက် အဆိုပါသူခိုးကို လူမြင်ကွင်းသို့ခေါ်ဆောင် လာကာ ဆေးဝါး အပြည့် အစုံနှင့် အတူ လက်ဖြတ်ခဲ့ ပြီးနောက် အသက်အန္တရာယ် မရှိစေရန် သေချာစွာပတ်တီးစည်းပေးခဲ့ ကြောင်း သိရသည်။

ကားစင်တင်အသတ်ခံရသူမှာ IS အဖွဲ့ ၏ စစ်ရေးအရအရေးပါသော နေရာများ တွင် ဂြိုဟ်တုမှတစ်ဆင့် ခြေရာခံနိုင်သည့် မိုက်ခရိုချစ်(ပ်)အပြားများ တိတ်တဆိတ် လာရောက်ကပ်ထားသည်ဆိုသော စွပ်စွဲ ချက်ဖြင့် အသတ်ခံခဲ့ရခြင်းဖြစ်သည်။

လူ မြင်ကွင်းတွင် ကြိမ်ဒဏ်အပြစ်ပေးခံရသူ သုံးဦးမှာ IS အဖွဲ့သိမ်းပိုက်ထားသည့် ကိုင် ကက်မြို့မှဖြစ်ပြီး ဝိုင်ခိုးသောက်ခဲ့ခြင်း ကြောင့် ကြိမ်ဒဏ်အပြစ်ပေးခံခဲ့ရခြင်းဖြစ် သည်။ T 1 P (Ref : Daily Mail)

The Union Daily
http://uniondaily.net/News/DetailView.aspx…
စပိုင်ဟုစွပ်စွဲခံရသူကို IS အဖွဲ့က လူမြင်ကွင်းတွင် ကားစင်တင်သတ်၊ သူခိုးတစ်ဦးကို လက်ဖြတ်ပြီး ဝိုင်ခိုးသောက်သူများကို ကြိမ်ဒဏ်ပေး စပိုင်ဟုစွပ်စွဲခံရသူကို IS အဖွဲ့က လူမြင်ကွင်းတွင် ကားစင်တင်သတ်၊ သူခိုးတစ်ဦးကို လက်ဖြတ်ပြီး ဝိုင်ခိုးသောက်သူများကို ကြိမ်ဒဏ်ပေး Reviewed by သစ်ထူးလွင် on 08:39 Rating: 5
Powered by Blogger.