IS ခေါင်းဆောင်ရဲ့ ဇနီးနဲ့ သားကို လက်ဘနွန်မှာ ဖမ်းမိ

IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ ခေါင်းဆောင် Abu Bakr al-Baghdadi ရဲ့ ဇနီးနဲ့ သားကို လက်ဘနွန် လုံခြုံရေး တပ်ဖွဲ့တွေက ဆီးရီးယား နယ်စပ်မှာ ဖမ်းဆီး မိလိုက်တယ်လို့ လက်ဘနွန် စစ်တပ်က ပြောပါတယ်။

သူတို့ကို လွန်ခဲ့တဲ့ ၁၀ ရက်လောက်က လက်ဘနွန် နိုင်ငံထဲကို စာရွက်စာတမ်း အတုတွေနဲ့ ဝင်လာစဉ်မှာ ထိန်းသိမ်းခဲ့တာ ဖြစ်ကြောင်းနဲ့ လက်ဘနွန် ကာကွယ်ရေး ဝန်ကြီး ဌာနမှာ စစ်ဆေး မေးမြန်းနေကြောင်း ဘေရွတ်မြို့ အခြေစိုက် al-Safir သတင်းစာထဲမှာ ဖော်ပြထားပါတယ်။

နိုင်ငံခြား ထောက်လှမ်းရေး အဖွဲ့တွေနဲ့ အတူ ပူးပေါင်းပြီး သူတို့ကို ဖမ်းဆီး ခဲ့တာလို့ ဆိုပါတယ်။

IS အဖွဲ့ဟာ လက်ဘနွန် စစ်သား ၂၀ ခန့်ကို ဓားစာခံ အဖြစ် လောလောဆယ် ဖမ်းဆီးထားပြီး စစ်သားတွေကို သတ်ပစ်ဖို့ ခြိမ်းခြောက် နေရာမှာ လက်ဘနွန် အစိုးရ အနေနဲ့ အခု ဖမ်းဆီးမှုကို အသုံးချပြီး IS အဖွဲ့အပေါ် ဖိအားပေးနိုင်ဖွယ် ရှိတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/12/141202_baghdadi_wife_held_lebanon

IS အဖွဲ့က ထုတ်ပြန်တဲ့ ဗီဒီယိုမှာ တွေ့ရတဲ့ ခေါင်းဆောင် Abu Bakr al-Baghdadi

IS ခေါင်းဆောင်ရဲ့ ဇနီးနဲ့ သားကို လက်ဘနွန်မှာ ဖမ်းမိ IS ခေါင်းဆောင်ရဲ့ ဇနီးနဲ့ သားကို လက်ဘနွန်မှာ ဖမ်းမိ Reviewed by သစ်ထူးလွင် on 21:43 Rating: 5
Powered by Blogger.