အိုင်အက်စ်တို့သိမ်းပိုက်ထားသည့် ဆင်ဂျာတောင်ကို အီရတ်ကာဒစ်တပ်ဖွဲ့ဝင်များ ထိုးစစ်ဆင်တိုက်ခိုက်


အီရတ် ဒီဇင်ဘာ ၁၉

အီရတ်နိုင်ငံ မြောက်ပိုင်း၌ ကာဒစ်တပ်ဖွဲ့ဝင်များက အိုင်အက်စ် စစ်သွေးကြွများအား တိုက်ခိုက်ဖြိုခွင်း လျက်ရှိရာ ကြီးမားသောအောင်မြင် မှုများ ရရှိနေကြောင်း အခိုင်အမာ ပြောကြားသည်။

ထောင်ပေါင်းများစွာသော ရာဇီ ဒီနှင့် အခြားသော အီရတ်ပြည်သူ များကို သြဂုတ်လမှစတင်ကာ ဆင်ဂျာ တောင်၌ အိုင်အက်စ်တို့က ဝိုင်းရံ ပိတ်ဆို့ထားခြင်းကို ကာဒစ်တပ်ဖွဲ့ ဝင်များက ဖြိုခွင်းနိုင်ခဲ့ပြီဖြစ်သည်။

ထိုအတောအတွင်း အီရတ် နိုင်ငံ၌ အိုင်အက်စ်စစ်သွေးကြွ ခေါင်းဆောင်အချို့ အမေရိကန်တို့ ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း ပင်တဂွန်တာဝန်ရှိ သူတစ်ဦးက ပြောသည်။

အိုင်အက်စ် စစ်သွေးကြွများ သိမ်းပိုက်ထားသော ဆင်ဂျာတောင် ကို ဗုဒ္ဓဟူးနေ့ အစောပိုင်းမှစတင်ကာ ကာဒစ်တပ်ဖွဲ့ဝင်များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ကာဒစ်မြေပြင် တပ်ဖွဲ့ဝင် ၈ဝဝဝ ခန့်က အမေရိကန် ညွန့်ပေါင်းအဖွဲ့၏ လေကြောင်းပစ်ကူ တိုက်ခိုက်မှုနှင့်အတူ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အဓိကစစ်ကြောင်း ကြီးနှစ်ခု ထိုးဖောက်နိုင်ခဲ့ပြီး ရာဇီဒီ များနှင့် အခြားသော အီရတ် လူမျိုးများ ပိတ်ဆို့ခံထားရရာမှ လွတ်မြောက်ခဲ့ကြသည်။

အဆိုပါ စစ်ဆင်ရေးသည် အောက်တိုဘာလအတွင်းက ကာဒစ် တပ်ဖွဲ့ဝင်များ ပြန်လည်သိမ်းပိုက် ထားသော ဇူးမားမှ ဆင်ဂျာတောင် အထိဖြစ်ကြောင်း၊ ပိတ်မိနေသော ရာဇီဒစ်များအား ကယ်တင်နိုင်ခဲ့ ကြောင်း ကာဒစ်ဒေသလုံခြုံရေး ကောင်စီ အဓိပတိ မတ်စရူးယားဘာ ဇာနီက ပြောသည်။

(ဘီဘီစီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အိုင်အက်စ်တို့သိမ်းပိုက်ထားသည့် ဆင်ဂျာတောင်ကို အီရတ်ကာဒစ်တပ်ဖွဲ့ဝင်များ ထိုးစစ်ဆင်တိုက်ခိုက် အိုင်အက်စ်တို့သိမ်းပိုက်ထားသည့် ဆင်ဂျာတောင်ကို အီရတ်ကာဒစ်တပ်ဖွဲ့ဝင်များ ထိုးစစ်ဆင်တိုက်ခိုက် Reviewed by သစ်ထူးလွင် on 03:36 Rating: 5
Powered by Blogger.