ယာဉ်တိမ်းမှောက်မှုကြောင့် ပိတ်ထားသော အားမာန်သစ်ယာဉ်လိုင်းအမည်ဖြင့် ပြန်လည်ပြေးဆွဲရာမှ ယာဉ်တိမ်းမှောက်မှု ထပ်မံဖြစ်ပွား


နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား-တောင်ညို ခရီးစဉ်အတွက် အားမာန်သစ်(လိုက်ထရပ်) ယာဉ်လိုင်း အမည်ဖြင့် ခရီးသည်များ ပို့ဆောင်ပေး လျက်ရှိပြီး နေပြည်တော် မထသ ကြီးကြပ် မှုနှင့် လက်ပံခါးလှ ရွာထိပ်တွင် စည်းကမ်း ထိန်းသိမ်းရေးဂိတ် တခု၊ ရွှေနံ့သာရပ်ကွက် အနီးတွင် စည်းကမ်းထိန်း သိမ်းရေးဂိတ် တခုတို့ ဖွင့်လှစ်ထားပြီး ယာဉ်တစီးငွေ ၅၀၀ ကျပ် ကောက်ခံလျက်ရှိသည်။

အားမာန်သစ်ယာဉ်လိုင်းသည် ပျဉ်း မနား-တောင်ညိုလမ်းတွင် မကြာခဏ တိမ်းမှောက်ခြင်းများရှိနေပြီး ယာဉ်မောင်း အများစု ကိုယ်တိုင် ယာဉ်မောင်းနေစဉ် အရက်သေစာသောက်စားထားခြင်းများလည်း ရှိနေကြပါသည်။ သီတင်းကျွတ်အတွင်း အားမာန်သစ်ယာဉ်လိုင်း တိမ်းမှောက်မှုဖြစ် ပြီး နေပြည်တော်ကောင်စီမှ ယာဉ်လိုင်း အား ပိတ်သိမ်းခြင်း၊ အပြစ်ဒဏ်ချမှတ်ခဲ့ ကြောင်း သိရသည်။

၁၈-၁၂-၂၀၁၄ ရက်နေ့ ၁၁း၄၅ နာရီအချိန်ခန့်တွင် ယာဉ်မောင်း နိုင်ဝင်း မောင်းနှင်လာသော လိုက်ထရပ် ယာဉ် အမှတ် ၈န-၇၉၁၀ သည် တောင်ညိုမှ ပျဉ်း မနားသို့ အမိုးပေါ်တွင် ကုန်အပြည့် ယာဉ် အတွင်း ခရီးသည်အပြည့်ဖြင့် အရှိန်ပြင်း စွာ မောင်းနှင်လာစဉ် နေပြည်တော်ကောင် စီရုံးအကျော် လက်ပံခါးလှရွာထိပ် မြိုင် ရတနာ ပျိုးဥယျာဉ်ရှေ့တွင် နောက်ဘီး (၂)လုံး လုံးပြုတ်ထွက်ပြီး တဖက်ယာဉ်ကြော ပေါ်တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

ယာဉ်ပေါ်ပါ ခရီးသည် (၂)ဦးနှင့် ယာဉ် နောက်လိုက်တို့ အပြင်းအထန်ဒဏ်ရာရရှိ ပြီး အချိန်မီရောက်ရှိလာသော နေပြည် တော် ယာဉ်မှုစစ်အဖွဲ့မှ ဒုရဲမှူး ရဲလွင်၏ ကြီးကြပ်မှုဖြင့် နေပြည်တော် ခုတင် (၁၀၀၀)ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ခဲ့ သည်။

တိမ်းမှောက်သော ယာဉ်လိုင်းမှာ အားမာန်သစ်အမည်မှ ရွှေပြည်သစ်အ မည်သို့ ပြောင်းလဲထားသော ယာဉ်လိုင်း ဖြစ်ခြင်း၊ တာဝန်ရှိသူများမှာလည်း စစ် ဆေးကြပ်မတ်မှုအားနည်းခြင်း၊ ရန်ပုံငွေရ ရင်ပြီးရော၊ ယာဉ်လိုင်းပြေးဆွဲခွင့်ပြုခြင်း၊ ယာဉ်ပေါ်တွင် ခရီးသည်၊ ကုန်ပစ်္စည်းအ ဆ မတန် တင်ဆောင်ခြင်း၊ ယာဉ်မောင်း အများစုသည် အချိန်ပြည့် သောက်စား မူးယစ်မောင်းနှင်ခြင်းများရှိနေသော်လည်း ပျဉ်းမနားဈေး ပင်မဂိတ်မှူးများ အပါအ ၀င် လမ်းစစ်ဆေးရေးဂိတ်များရှိ မထသ ယူနီဖောင်းဝတ်ဂိတ်မှူး (ကြီးကြပ်ရေးမှူး) များ က ငွေ ၅၀၀ ကျပ်တောင်းရုံကလွဲပြီး စစ်ဆေးမှုအားနည်းများရှိနေကြောင်း စုံစမ်း သိရှိရသည်။

ယာဉ်မတော်တဆဖြစ်မှ ခရီးသည် များ သေဆုံး၊ ဒဏ်ရာရမှ အရေးယူခြင်း ထက် ကြိုတင်စစ်ဆေးကြပ်မတ်သင့်ပါ ကြောင်း၊ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ် အနီး အနားတွင် တွေ့ရသော ဦးတင့် (အမည်လွှဲ)မှ News Watch သို့ ပြောကြားခဲ့သည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ယာဉ်တိမ်းမှောက်မှုကြောင့် ပိတ်ထားသော အားမာန်သစ်ယာဉ်လိုင်းအမည်ဖြင့် ပြန်လည်ပြေးဆွဲရာမှ ယာဉ်တိမ်းမှောက်မှု ထပ်မံဖြစ်ပွား ယာဉ်တိမ်းမှောက်မှုကြောင့် ပိတ်ထားသော အားမာန်သစ်ယာဉ်လိုင်းအမည်ဖြင့် ပြန်လည်ပြေးဆွဲရာမှ ယာဉ်တိမ်းမှောက်မှု ထပ်မံဖြစ်ပွား Reviewed by သစ်ထူးလွင် on 20:06 Rating: 5
Powered by Blogger.