ယခုအစိုးရမှာ အတုဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟုဆိုကာ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခြင်းဖြစ်ဟု ရှေ့နေပြော


ရန်ကုန်၊ ဒီဇင်ဘာ ၁၅

တောင်ငူ အကျဉ်းထောင်တွင် ထောင်ဒဏ်(၁၃)နှစ် ကျခံနေရသော ဦးဆန်းဆင့်အား နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲရာတွင် စွပ်စွဲချက် (၃)ချက်၌ ယခုအစိုးရသည်အတု၊ နောက်လာမည့် အစိုးရသည် အစစ်ဖြစ်သည်ဟု ပြောကြားသည့် စွပ်စွဲချက် ပါဝင်ကြောင်း ဦးဆန်းဆင့်၏ ရှေ့နေဖြစ်သူ တရား လွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တရုတ်ပြည် လော့ဟန်မြို့တွင် ရွှေတိဂုံဘုရား ပုံတူစေတီတည်ရန် ကိစ္စဖြင့် သာသနာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ၂၀၁၃ခုနှစ် သြဂုတ်လ ၂၈ရက်နေ့က ဒုဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တတ်သိပညာရှင်များ ဦးရေ ၅၀ ကျော်ခန့် အစည်းအဝေး ပြုလုပ်စဉ် ဦးဆန်းဆင့်က ယခု အစိုးရသည် အတု၊ နောက်လာမည့် အစိုးရသာ အစစ်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အစိုးရဘက်မှ စွပ်စွဲခဲ့ရာ ဦးဆန်းဆင့် အနေဖြင့် ထိုသို့အမှန်တကယ် ပြောကြားခဲ့ခြင်း မရှိသောကြောင့် ပြန်လည် ဖြေရှင်းရခြင်း ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက မီဒီယာများသို့ ရှင်းလင်းပြောဆိုသည်။

““ဒီအစိုးရဟာ အတု၊ နောက်တက်မယ့် အစိုးရသာလျှင် အစစ်ဖြစ်တယ်လို့ ပြောသတဲ့။ အဲဒီလို ပြောတယ် ဆိုတဲ့အကြောင်းကို ဒုဝန်ကြီးနဲ့ ညွှန်ကြားရေးမှူးချုပ်တွေ အားလုံး ၆ ယောက် ထွက်တယ်။ သက်သေ ၅၀ ထဲက ကျွန်တော်တို့က မေးပြီ။ ဒီအစည်းအဝေးကြီးက လူ ၅၀ လောက်တက်တာ ၆ ယောက်ထဲလား။ ကျန်တဲ့ လူတွေကော မကြားနိုင်ဘူးလား မေးမြန်းတော့ နိုင်ငံတော်ဘက်က သုံးယောက် တက်ပြီးတော့တင် တယ်။ နိုင်ငံခြားရေးဝန်ကြီး ဒုဝန်ကြီး၊ ပြန်ကြားရေး ဒုဝန်ကြီး၊ နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် အဲဒီလူတွေ။ အစည်းအဝေး မှတ်တမ်းမှာလည်းမပါဘူး””ဟု ဦးဆန်းဆင့်၏ ရှေ့နေဖြစ်သူ ဦးတင်ထွန်းက ပြောသည်။

၎င်းကဆက်လက်ပြီး ““ဒီလူတွေက နှုတ်အားဖြင့်လာပြီးတော့ ဒီအစိုးရသာလျှင် အတု၊ နောက်တက်မယ့် အစိုးရသာလျှင် အတု၊ ဥပဒေများနဲ့ မညီပါဘူး။ သဘာဝ ယုတ္တိအားဖြင့်လည်း ၀န်ကြီးက ဒီစကားကို တစ်လုံး မှ ပြောခဲ့ခြင်း မရှိဘူးဆိုပြီး အမှုတွဲတစ်လျှောက်လုံး ကျွန်တော်တို့ ငြင်းခဲ့တယ်။ ပြောမလားတဲ့။ ကျွန်တော် ကိုယ်တိုင်ကလည်း ပြည်ထောင်စုဝန်ကြီး ပြောပါ့မလားတဲ့။ ဒီလိုဖြစ်တယ်။ လူညီရင် ဤကို ကျွဲဖတ်သွားတယ်။ သူတို့ဘက်က မတင်ပြနိုင်ဘူး။ ကျွန်တော်တို့က လူ ၅၀ လောက် ရှိတဲ့ထဲက ပန်းတိမ်ပညာရှင် ဦးသံချောင်း၊ ဦးလှချိုနှစ်ယောက် ရုံးမှာလာ သက်သေခံပေးပါ။

ပြောရင် ပြောတဲ့အတိုင်း၊ ကြားရင် ကြားတဲ့အတိုင်း။ ၀န်ကြီးက နိုင်ငံတော် အစိုးရနဲ့ ပတ်သက်ပြီးတော့ ဘာ များ ပြောတာကြားလဲ၊ ဘာမှမပြောပါဘူး။ ဒီမှာ လာပြီလေ။ ကျွန်တော်တို့ သက်သေများရဲ့အချက်။ ဟိုက ၉ ယောက် ပြောတယ်ဗျာ၊ ခင်ဗျားတို့ ခြောက်ယောက်တည်း ပြောတာ ယုံစရာလားလို့။ ဒီလိုတော့မပြောနဲ့၊ သက်သေခံ ဥပဒေသည် Not Counting ရေ(တွက်)တာ မဟုတ်ဘူး။ Just Way ချိန်းတာ။ ဒီနှစ်ယောက်က လွတ်လပ်တဲ့ လူနှစ်ယောက်၊ ဟိုကိုးယောက် က နိုင်ငံတော် ငွေစားပြီးေ တာ့ နိုင်ငံတော် သမ္မတ စွဲခိုင်းတဲ့အမှုမှာ လာပြီး သက်သေထွက်တာ””ဟု ဆက်လက် ပြောဆိုသည်။

သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်အား နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ပြည်သူ ပိုင်ပစ္စည်း အလွဲသုံးစားမှု ပုဒ်မ ၄၀၉ တို့ဖြင့် အောက်တိုဘာလ ၁၃ ရက်နေ့က နေပြည်တော် ဒက္ခိဏ သီရိမြို့နယ် ခရိုင်တရားရုံးက ထောင်ဒဏ် ၁၃ နှစ်နှင့် ငွေဒဏ်တစ်သိန်း ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ချမှတ်ထားသော ပြစ်ဒဏ်များအား ပြန်လည် စိစစ်ပေးရန်အတွက် အယူခံအား ဒီဇင်ဘာလ ၁၀ ရက်နေ့ က လျှောက်ထားခဲ့ရာ ကျယ်ကျယ်ပြန့်ပြန့် ကြားနာခြင်းမရှိဘဲ ပလပ်ခဲ့သည့်အတွက် ဥပဒေကြောင်းအရ နစ်နာ ခဲ့ရသည့်အတွက် ပြည်ထောင်စု တရားလွှတ်တော်ရုံးအား ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း လည်း ရှေ့နေ ဦးတင်ထွန်းက ပြောသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
ယခုအစိုးရမှာ အတုဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟုဆိုကာ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခြင်းဖြစ်ဟု ရှေ့နေပြော ယခုအစိုးရမှာ အတုဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟုဆိုကာ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခြင်းဖြစ်ဟု ရှေ့နေပြော Reviewed by သစ်ထူးလွင် on 14:52 Rating: 5
Powered by Blogger.