လာမည့်ပညာသင်နှစ်တွင် ကျောင်းကြို/ပို့ယာဉ်များကို မီနီဘတ်စ်/မှန်လုံယာဉ်များဖြင့်သာ ပြေးဆွဲခွင့်ပြုမည်

ဓာတ်ပုံ-မင်းထက်
ရန်ကုန် ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၌ ယခုလက်ရှိ ကျောင်းကား ကြို/ပို့ ယာဉ်များအဖြစ် ပြေးဆွဲပေးလျက် ရှိသော ကျောင်းကား အမျိုးမျိုးကို လာမည့် ပညာသင်နှစ်မှ စတင်ကာ မီနီဘတ်စ် သို့မဟုတ် သင့်တင့် လျောက်ပတ်သည့် မှန်လုံယာဉ် တစ်မျိုးမျိုးဖြင့်သာ ပြေးဆွဲခွင့်ပြုသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟို ကော်မတီမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၌ ကျောင်းကားများအဖြစ် ပြေးဆွဲ ပေးလျက်ရှိသော ကျောင်းပေါင်းစုံမှ ကြို/ပို့ ကျောင်းကားအများစုသည် လိုက်ထရပ်ကားများဖြစ်ကြပြီး အချို့ ကျောင်း ကြို/ပို့ကားများသာ မီနီ ဘတ်စ်၊ မှန်လုံယာဉ်ကားများဖြစ် သောကြောင့် ကျောင်းသားများ အတွက် လုံခြုံစိတ်ချမှုမရှိဘဲ ယာဉ် အန္တရာယ်အမျိုးမျိုးနှင့် မကြာခဏ ကြုံတွေ့နေရလျက်ရှိသည်။ ကျောင်း ကြို/ ပို့အဖြစ် အသုံးပြုနေသော စက်မှုဇုန်ထုတ် လိုက်ထရပ်ကားများ သည် လိုက်ပါစီးနင်းသည့် ကျောင်း သားများအတွက် ယာဉ်အန္တရာယ် စိုးရိမ်ရသည့်အပြင် မိုးတွင်းကာလ များ၌ လုံခြုံမှုလည်း မရှိသည့်အတွက် လာမည့် ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ခေတ်မီ School Bus ယာဉ်များကို နိုင်ငံတကာကဲ့သို့ အဆင့်မြှင့်လုပ်ဆောင်သွားရန် စီစဉ် ခြင်းဖြစ်ကြောင်း သိရသည်။

''ဒီ School Bus ကျောင်းကြို/ ပို့ယာဉ်တွေကို လာမယ့် ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်မှာ ကျောင်းသား တွေအတွက်ယာဉ်အန္တရာယ်ကင်း စေဖို့နဲ့ လုံခြုံမှုအပြည့်အဝရရှိဖို့ ပညာရေးရယ်၊ ယာဉ်စည်းကမ်းထိန်း သိမ်းရေးရယ်၊ ယာဉ်ထိန်းရဲအဖွဲ့တွေ ရယ် ပူးပေါင်းပြီးတော့ ကြိုတင်စီစဉ် လှုံ့ဆော်မှုတွေပြုလုပ်ပေးနေပါတယ်။ အခုဆိုရင် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ကျောင်းပေါင်း ၁၉ ကျောင်းမှာယာဉ်ပိုင်ရှင်တွေနဲ့ သက် ဆိုင်ရာအဖွဲ့အစည်း တွေ့ဆုံဆွေးနွေး မှုတွေ အကောင်အထည်ဖော်နေပါ ပြီ။ လာမယ့်ပညာသင်နှစ်မှာ ခေတ်မီ School Bus ကို မဖြစ်မနေအကောင် အထည်ဖော် ဆောင်ရွက်သွားဖို့ ရှိပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုဗဟိုမှ ဒုတိယဥက္ကဋ္ဌ ဦးလှသောင်းမြင့်က ပြောကြားသည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျောင်းပေါင်းစုံ၌ ကျောင်းကြို/ပို့ယာဉ်အဖြစ်ပြေးဆွဲ ပေးနေသော ကားများမှာ အစီးရေ ၂၃ဝဝကျော်ရှိပြီးအဆိုပါကားအများစုမှာစက်မှုဇုန်ထုတ်လိုက်ထရပ်ကားများ ဖြစ်သည်။ ထို့အပြင် ကျောင်းပေါင်းစုံ သို့ ကိုယ်ပိုင်ယာဉ်များဖြင့် ကျောင်း ကြို/ ပို့ ပြေးဆွဲပေးနေသော ယာဉ် မှာ အစီးရေ ၅၂ဝဝ ရှိသဖြင့် ထိုသို့ ခေတ်မီ School Bus ပြေးဆွဲပေးလျှင် နိုင်ငံတကာကဲ့သို့ ကျောင်းသားများ လုံခြုံစိတ်ချမှုရရှိ သည့်အပြင် ရန်ကုန်မြို့၌ ဖြစ်ပေါ် လျက်ရှိသော ယာဉ်ကျပ်တည်းမှုကို လည်း အထိုက်အလျောက်ဖြေလျှော့ ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျောင်းသားများ ယာဉ် အန္တရာယ် ကင်းရှင်းရေးအတွက် လာမည့်ပညာသင်နှစ်တွင် ခေတ်မီ School Bus ယာဉ်များ၏ အရောင် များကို အဝါရောင်အဖြစ်သတ်မှတ် ပေးထားမည်ဖြစ်ပြီး မီနီဘတ်စ် သို့မဟုတ် မည်သည့်မှန်လုံယာဉ် အမျိုးအစားမဆို အသုံးပြုပြေးဆွဲ နိုင်မည်ဖြစ်သည်။ အဆိုပါ ခေတ်မီ School Bus ယာဉ်ကို အဝါရောင် အဖြစ် သတ်မှတ်ပေးထားခြင်းမှာ ကားကိုမြင်လိုက်သည်နှင့် ကျောင်း ကားမှန်သိစေရန်အတွက် ရည်ရွယ် လုပ်ဆောင်ပေးခြင်း ဖြစ်သည်။ ခေတ်မ School Bus ယာဉ်ပြေးဆွဲ ရာတွင်လည်း စီးတီးဘတ်စ်၊ မီနီ ဘတ်စ်နှင့် မိုက်ခရိုဘတ်စ်စသည့် မိမိနှစ်သက်ရာ ကားပုံစံမျိုးဖြင့် ပြေးဆွဲခွင့်ပြုမည်ဖြစ်ပြီး ယာဉ်ပိုင်ရှင် များအနေဖြင့် ခေတ်မီ School Bus ယာဉ်များ တင်သွင်းရာတွင်လည်း အရစ်ကျပေးချေမှုစနစ်ဖြင့် ကုမ္ပဏီ များနှင့် ချိတ်ဆက်ကာ လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၌ ကျောင်းကားအဖြစ်အသုံးပြုသော ဖယ်ရီကားများမှာ နှစ်စဉ်ပိုမိုများပြား လာပြီး ကျောင်းသားတစ်ဦးလျှင် ကျောင်း ကြို/ပို့ ဖယ်ရီယာဉ်တစ်စီး ကို တစ်လ အနည်းဆုံးတစ်သောင်း၊ တစ်သောင်းခွဲမှ နှစ်သောင်းအထိ ခရီးကွာဝေးပေါ်တွင် မူတည်၍ပေး ဆောင်ရလျက်ရှိသည်။ ယခုအခါ ခေတ်မီ School Bus ယာဉ်ကို အရှေ့တောင်အာရှ အိမ်နီးချင်း နိုင်ငံအများစုနှင့် ကမ္ဘာ့နိုင်ငံအများစု တွင် စည်းကမ်းတကျတွင်ကျယ်စွာ အသုံးပြု ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

သတင်းဆောင်းပါး-မောင်စိန်လွင်(မြန်မာ့အလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လာမည့်ပညာသင်နှစ်တွင် ကျောင်းကြို/ပို့ယာဉ်များကို မီနီဘတ်စ်/မှန်လုံယာဉ်များဖြင့်သာ ပြေးဆွဲခွင့်ပြုမည် လာမည့်ပညာသင်နှစ်တွင် ကျောင်းကြို/ပို့ယာဉ်များကို မီနီဘတ်စ်/မှန်လုံယာဉ်များဖြင့်သာ ပြေးဆွဲခွင့်ပြုမည် Reviewed by သစ်ထူးလွင် on 05:05 Rating: 5
Powered by Blogger.