ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးကုသ နေသူများကို ဖော်ထုတ် အရေးယူမည်


မုံရွာ ၊ ၁၉-၁၂-၂၀၁၄

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ၌ ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးကုသ နေသူများကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက် များအရ ဖော်ထုတ် အရေးယူလျက် ရှိကြောင်း သိရသည်။

''ဆေးဝါး ကုသခွင့် လိုင်စင်မရှိဘဲ ဆေးဝါးများ ကုသ နေတာဟာ ပြည်သူ့ ကျန်းမာရေး အတွက် အသက် အန္တရာယ် စိုးရိမ်ဖွယ် ရှိတာကြောင့် ဥပဒေအရ တားမြစ် ကန့်ကွက်တာပါ .. '' ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တွင် တာဝန် ထမ်းဆောင်လျက် ရှိသော ရဲအရာရှိ တစ်ဦးက ပြောပြသည်။

ထို့ကြောင့် ဆေးဝါးကုသခွင့် လိုင်စင်မရှိဘဲ ဆေးဝါးကုသ နေသူများကို ရဲတပ်ဖွဲ့ဝင် များက လိုက်လံစုံစမ်း ဖော်ထုတ်နေခြင်း ဖြစ်သည်။ အဆိုပါ ဆေးဝါးကုသခွင့် လိုင်စင်မရှိဘဲ ဆေးကုသ နေသူများကို ဆေးကောင်စီ ဥပဒေပုဒ်မ ၄၁အရ အမှုဖွင့် အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဆေးဝါးကုသခွင့် လိုင်စင်မရှိဘဲ ဆေးကုသ နေသူအချို့ကြောင့် ကျေးလက်နေ ဒေသခံပြည်သူ အများစုမှာ ဆေးဝါး ကုသစရိတ် ကြီးမြင့်ပြီး ငွေကုန်ကြေးကျ များပြားလျက် ရှိသည်။ ထိုမျှမက အနာနှင့်ဆေး ကုထုံးလွဲမှား မှုများကြောင့် ကျေးလက်နေ ပြည်သူအချို့ အသက် သေဆုံးရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ကျေးလက်နေ ပြည်သူများ၏ ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များကို ဥပဒေနှင့် အညီ စောင့်ရှောက်မှုများေ ပးနိုင်ရန် စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးက တပ်ဖွဲ့ဝင်များထံ ညွှန်ကြား ထားခြင်း ဖြစ်ကြောင်း သိရသည်။ (၁၅၄)


‪#‎Themyawadydaily‬
‪#‎မြ၀တီနေ့စဉ်‬
https://www.facebook.com/TheMyawadyDaily
ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးကုသ နေသူများကို ဖော်ထုတ် အရေးယူမည် ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးကုသ နေသူများကို ဖော်ထုတ် အရေးယူမည် Reviewed by သစ်ထူးလွင် on 14:46 Rating: 5
Powered by Blogger.