ယာဉ်အားစက်နိုးပြီး ဘထ္တရီအားဖြည့်စဉ် ယာဉ်၏အိပ်ဇောပိုက်မှ မီးပွားများ ကောက်ရိုး ပေါ်သို့ ကျကာ မီးလောင်မှုဖြစ်


ရန်ကုန်၊ ဒီဇင်ဘာ ၂၀

၁၉.၁၂.၂၀၁၄ရက်နေ့ ၀၉၃၅ အချိန်၀၉၃၅အချိန် ခရမ်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ခရမ်းမြို့နယ်၊ ကျုံတူးကျေးရွာအုပ်စု၊ သိင်္ခကွင်းတဲစုအပိုင်းတွင် မော်တော်ယာဉ်တစ်စီး မီးလောင်ကျွမ်သွားကြောင်း သတင်းအရသွားရောက် စစ်ဆေးခဲ့ပါသည်။

ထိုသို့ စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာတွင် ရောက်ရှိတည်းခိုနေထိုင်သော ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ယာဉ်မောင်း ကိုသီဟအောင် (၃၀)နှစ်သည် ၎င်းမောင်းနှင်သော AYY/EE---Probox အငှားယာဉ်အား ၁၈.၁၂.၂၀၁၄ ရက်နေ့ ၂၃၃၀အချိန်တွင် စက်နိုးထားပြီး ဘထ္တရီအိုး အားဖြည့်ထားစဉ် ယာဉ်၏ အိပ်ဇောပိုက်မှထွက်သည့် မီးပွားများမှာ ယာဉ်အောက်ရှိကောက်ရိုးများပေါ်သို့ ကျကာ ယာဉ်အားမီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်ရှိ ပြည်သူများမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ၁၉.၁၂.၂၀၁၄ ရက်နေ့ ၀၀၃၅ အချိန် တွင် မီးငြိမ်းသွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

ယင်းသို့ မော်တော်ယာဉ်အား မီးလောင်မှုဖြစ်အောင် ပေါ့ဆစွာအသုံးပြုသူ ယာဉ်မောင်း ကိုသီဟအောင်အား ခရမ်းမြို့မရဲစခန်း(ပ)၂၉၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ယာဉ်အားစက်နိုးပြီး ဘထ္တရီအားဖြည့်စဉ် ယာဉ်၏အိပ်ဇောပိုက်မှ မီးပွားများ ကောက်ရိုး ပေါ်သို့ ကျကာ မီးလောင်မှုဖြစ် ယာဉ်အားစက်နိုးပြီး ဘထ္တရီအားဖြည့်စဉ် ယာဉ်၏အိပ်ဇောပိုက်မှ မီးပွားများ ကောက်ရိုး ပေါ်သို့ ကျကာ မီးလောင်မှုဖြစ် Reviewed by သစ်ထူးလွင် on 19:17 Rating: 5
Powered by Blogger.