သိမ်းဆည်းမြေ ဧက ၃ သိန်းကျော် စွန့်လွှတ်ပြီးကြောင်း ကြေညာ


ကာကွယ်ရေး ၀န်ကြီးဌာန အများဆုံး ပါဝင်သိမ်းယူထားတဲ့ မြေယာသိမ်းဆည်း မှုတွေထဲက မြေဧက ၃ သိန်းကျော်ကို ပြန်လည်စွန့်လွှတ်ပြီး ဖြစ်တယ်လို့ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

မြေသိမ်းတာတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်ရဲ့ လယ်မြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြာည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်က အစီရင်ခံစာ ၇ ခု တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။

အဲဒီအစီရင်ခံစာတွေအရ ဧက ၁ သိန်းနီးပါး စွန့်လွှတ်ပြီး ကျန်ဧကတွေကတော့ စီမံကိန်းရည်မှန်းချက်အတိုင်း မသုံးလို့ သီးခြားစွန့်လွှတ် တာဖြစ်တယ်လို့ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီက ထုတ်ပြန်ထားပါတယ်။

အစီရင်ခံစာ ၇ ခုမှာ အမှုတွဲ ၇၅၀၀ ကျော်ပါဝင်ပြီး အပိုင် ၆ နဲ့ ၇ အတွက် ဆောင်ရွက်ချက်ကတော့ ဒီနေ့ ထုတ်ပြန်တာမှာ မပါသေးပါဘူး။

အစီရင်ခံစာ အပိုင်း ၅ အထိ စွန့်လွှတ်မြေ အမှုပေါင်း ၁၁၆၅ ခုမှာ ကာကွယ်ရေးဝန်ကြီးဌာနက အမှုပေါင်း ၈၀၀၊ မြေဧက ၁ သိန်း ၅ သောင်းကျော်နဲ့ အများဆုံးဖြစ်ပါတယ်။

ဒါပေမယ့် စွန့်လွှတ်မြေဧက ၃ သိန်းကျော်မှာ ဧက ၁ သိန်း ၆ သောင်းကျော် လွှဲအပ်ဖို့ ကျန်နေသေးပြီး အဲဒီထဲမှာ ကာကွယ်ရေးဝန်ကြီးဌာနက ဧက ၁ သိန်းကျော် ပါဝင်ပါတယ်။

By ပိုင်စိုး (ဒီဗွီဘီ)
http://burmese.dvb.no/archives/74248
သိမ်းဆည်းမြေ ဧက ၃ သိန်းကျော် စွန့်လွှတ်ပြီးကြောင်း ကြေညာ သိမ်းဆည်းမြေ ဧက ၃ သိန်းကျော် စွန့်လွှတ်ပြီးကြောင်း ကြေညာ Reviewed by သစ်ထူးလွင် on 12:10 Rating: 5
Powered by Blogger.