အမြန်လမ်းတွင် ဘုရားဖူးကားနှင့် ခရီးသည်တင်ကားတိုက်


ဘုရားကြီး ဒီဇင်ဘာ ၂ဝ

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၈/၅ တွင် ဒီဇင်ဘာ ၂ဝ ရက် နံနက် ၃ နာရီ ၄၅ မိနစ်ခန့်၌ မန္တလေးမြို့မှ ဘုရားဖူး ထွက်ခွာလာသော ယာဉ်မောင်း ကျော်စိုးမိုး(၄၄)နှစ် ချမ်းမြသာစည် မန္တလေးမြို့နေသူ မောင်းနှင်လာသည့် လိုက်ထရပ်အဖြူရောင် ယာဉ်အမှတ် MDY 8B/-- မော်တော်ယာဉ်သည် ဘုရားကြီးမြို့တွင်းသို့ ဝင်ရန် လမ်းခွဲအားကျော်လွန်သွားသဖြင့် ပဲခူးမြစ်ကူး တံတားကျော်ပြီး လမ်းလယ်ကျွန်းဖြတ်လမ်းမှ တစ်ဖက် ယာဉ်ကြောသို့ ကူးပြောင်းရန်ကွေ့နေစဉ် လားရာတူ မောင်းနှင်လာသည့် ယာဉ်မောင်းစိုင်းထွန်းမြင့် အသက် (၂၉)နှစ် လွိုင်ကော်မြို့နေထိုင်သူ မောင်းနှင်လာသည့် လွိုင်ကော်-ရန်ကုန် ခရီးသည်တင်ယာဉ်အမှတ် YGN 8I/-- မော်တော်ယာဉ်မှ တိုက်မိရာ ခရီးသည်တင်ယာဉ်မှာ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိသွားသည်။

အခင်းဖြစ်ရာသို့ ဘောနပ်ကြီးအမြန်လမ်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ဘုရားကြီးအရန်မီးသတ်တပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရာ ဘုရားဖူးယာဉ်မှ ဒဏ်ရာရရှိသော ယာဉ်မောင်းကျော်စိုးမိုးအပါအဝင် လူနာ ၁ဝ ဦးအား ပဲခူးမြို့ဆေးရုံကြီးသို့ အချိန်မီတင်ပို့ခဲ့ပြီး ယာဉ်တိုက်မှုအား အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သီဟရာဇာ(ဘုရားကြီး)
The Mirror Daily
https://www.facebook.com/TheMirrorDaily
အမြန်လမ်းတွင် ဘုရားဖူးကားနှင့် ခရီးသည်တင်ကားတိုက် အမြန်လမ်းတွင် ဘုရားဖူးကားနှင့် ခရီးသည်တင်ကားတိုက် Reviewed by သစ်ထူးလွင် on 01:14 Rating: 5
Powered by Blogger.