တရုတ်နဲ့ သြစီ စစ်ရေးပူးပေါင်းဖို့ သဘောတူ

တရုတ်စစ်သား စစ်ရေးလေ့ကျင့်စဉ် (Credit: Reuters) 
သြစတြေးလျနဲ့ ​တရုတ်နိုင်ငံ ​စစ်တပ်အကြား ​လာမယ့် နှစ်ကစပြီး ​ပူးပေါင်း မှုတွေ ​ပိုလုပ်ဖို့ ​သဘောတူ ခဲ့ကြပါတယ်။

စစ်ရေးပူးပေါင်းမှု ​သဘောတူ ညီချက်အရ ​နှစ်နိုင်ငံ ​စစ်သားတွေ ​အတွေ့အကြုံ ဖလှယ်ဖို့၊ ​သင်တန်းတွေ ​ဖလှယ်ဖို့တို့ ​ပါဝင်ပါတယ်။

တရုတ်နိုင်ငံက ​သြစတြေးလျနိုင်ငံအတွက် ​အကြီးမားဆုံး ​ကုန်သွယ်ဘက်နိုင်ငံ ဖြစ်သလို ​ကာကွယ်ရေး မှာလည်း ​ပူးပေါင်းမှု ​တိုးတက်လာတယ်လို့ ​သြစတြေးလျ ​ကာကွယ်ရေးဌာနက ​ထုတ်ပြန်ထားပါတယ်။

အခုဆိုရင် ​တရုတ်စစ်တပ်နဲ့ ​ပွင့်လင်း ​မြင်သာစွာ ​ဆွေးနွေးမှု ​လုပ်နိုင်တာကို ​ကြည့်ခြင်းအားဖြင့် ​နှစ်ဖက်စစ်တပ်အကြား ​ဆက်ဆံရေး ​ကောင်းမွန်လာတာကို ​ပြသတယ်လို့ ​ဆိုပါတယ်။

သြစတြေးလျနဲ့ ​တရုတ် ​ကာကွယ်ရေး ​တပ်အကြား ​နှစ်စဉ် ​ဆွေးနွေးမှုတွေလုပ် ​နေကြအတိုင်းလုပ်ပြီးတဲ့နောက် ​အခုလို ​သဘောတူညီမှု ​ရရှိတာ ​ဖြစ်ပါတယ်။

သြစတြေးလျနဲ့ ​တရုတ်ကာကွယ်ရေးတပ်အနေနဲ့ ​ပျောက်ဆုံးနေတဲ့ ​မလေးရှားလေယာဉ် ​MH370 ​ရှာဖွေရေးတွေ၊ ​ပူးပေါင်း ​စစ်ရေးလေ့ကျင့်မှုတွေ၊ ​ငြိမ်းချမ်းရေး ​လုပ်ငန်းစဉ်တချို့နဲ့ ​ပညာရေးဖလှယ်တဲ့ ​ကိစ္စတွေမှာ ​ပူးပေါင်းလုပ်ကိုင်မှု ​ရှိခဲ့ပါတယ်။

သြစတြေးလျနဲ့ ​တရုတ်နိုင်ငံတို့အကြား ​မကြာသေးခင်ကပဲ ​လွတ်လပ်စွာ ​ကုန်သွယ်ရေး ​သဘောတူညီမှု ​လက်မှတ် ​ရေးထိုးခဲ့ကြပါတယ်။

By China correspondent Stephen McDonell and staff
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-12-04/1395903
တရုတ်နဲ့ သြစီ စစ်ရေးပူးပေါင်းဖို့ သဘောတူ တရုတ်နဲ့ သြစီ စစ်ရေးပူးပေါင်းဖို့ သဘောတူ Reviewed by သစ်ထူးလွင် on 09:47 Rating: 5
Powered by Blogger.