အသက်(၁၂၂)နှစ်ရှိ နာဂအဘိုးအို တစ်ဦး သက်ရှိထင်ရှား ကမ္ဘာ့ အသက်အကြီးဆုံး လူသား အဖြစ်ဖော်ပြခံရ

ရန်ကုန် ဒီဇင်ဘာ ၁

အသက်(၁၂၂)နှစ်ရှိသည့် နာဂ အဘိုးအိုတစ်ဦးသည် သက်ရှိထင် ရှားရှိ နေသူများ အနက် ကမ္ဘာ့ အသက်အကြီးဆုံး လူသားဖြစ် ကြောင်း World new daily report သတင်းဌာနကဖော်ပြခဲ့သည်။

နာဂအဘိုးအို ခေါင်ဘူအုတ်မှာ ၁၈၉၂ ခုနှစ်တွင် မွေးဖွားခဲ့ကြောင်း မွေးစာရင်း အထောက်အထားများ က ဖော်ပြထားပြီး ၄င်း၏မွေးစာရင်း မှာမှန်ကန်ကြောင်း မြန်မာအာဏာ ပိုင်များက အတည်ပြုသည်။

၂ဝ၁၃ ခုနှစ် ဇွန် ၁၂ရက်က ကွယ်လွန် ခဲ့သည့် ဂျပန်နိုင်ငံသား ကီမူရာ သည် ၂ဝ၁၂ ခုနှစ်ဒီဇင်ဘာလက စတင်၍ မကွယ်လွန်မီအချိန်အထိ သက်ရှိထင်ရှားရှိသူများအနက် ကမ္ဘာ့အသက် အကြီးဆုံး လူသား အဖြစ်အသက်(၁၁၆) နှစ်ဖြင့် မှတ် တမ်းတင်ခံခဲ့ရသည်။

ယင်းအတွက်ကြောင့် နာဂ အဘိုးအို ခေါင်ဘူအုတ်အနေဖြင့် သက်ရှိ ထင်ရှား ရှိနေသူများအနက် ကမ္ဘာ့အသက်အကြီးဆုံးလူသား အဖြစ်မှတ်တမ်း တင်ခဲ့သည့် ကီမူရာ၏စံချိန်ကိုကျော်ဖြတ်ပြီး ခြောက် နှစ်အသာဖြင့် စံချိန်သစ်တင်နိုင်ခဲ့ သည်။

ဇော်ထွန်း
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf


အသက်(၁၂၂)နှစ်ရှိ နာဂအဘိုးအို တစ်ဦး သက်ရှိထင်ရှား ကမ္ဘာ့ အသက်အကြီးဆုံး လူသား အဖြစ်ဖော်ပြခံရ အသက်(၁၂၂)နှစ်ရှိ နာဂအဘိုးအို တစ်ဦး သက်ရှိထင်ရှား ကမ္ဘာ့ အသက်အကြီးဆုံး လူသား အဖြစ်ဖော်ပြခံရ Reviewed by သစ်ထူးလွင် on 19:39 Rating: 5
Powered by Blogger.