ဆိုမာလီတွင် အမေရိကန်လေကြောင်းမှ တိုက်ခိုက်



Share/Bookmark

မိုဂါဒစ်ရှူး ဒီဇင်ဘာ ၃ဝ

ဆိုမာလီနိုင်ငံတွင် အစွန်းရောက် အကြမ်းဖက်အုပ်စု အယ်လ်ရှာဘတ်၏ ခေါင်းဆောင်ဆိုသူကို ပစ်မှတ်ထားကာ အမေရိကန်က တနင်္လာနေ့  နှောင်းပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ပင်တဂွန်က ဒီဇင်ဘာ ၃ဝ ရက် ကြေညာချက် ထုတ်ပြန်သည်။

အမေရိကန်၏ လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် အယ်လ်ခိုင်ဒါနှင့် ဆက်နွှယ်သော အဖွဲ့ခေါင်းဆောင် အာမက်အက်ဒီဂိုဒါနီ သေဆုံးပြီး လေးလအကြာ အမေရိကန်နိုင်ငံခြားရေး ဌာနက ဆုငွေဒေါ်လာ သုံးသန်းထုတ်ထားသော ၎င်းအဖွဲ့၏ ထောက်လှမ်းရေးအကြီးအကဲ ဇာကာရီယာ အစ္စမေးအာမက်ဟာစီကို ဆိုမာလီ ကာကွယ်ရေး တပ်ဖွဲ့က လက်ရဖမ်းဆီးမိပြီး သုံးရက်အကြာ ယခုကဲ့သို့ တိုက်ခိုက်ခြင်းဖြစ်သည်။ တိုက်ခိုက်မှုနှင့် ရလဒ်အသေးစိတ်တို့ကို ကြေညာချက်တွင် ဖော်ပြထားခြင်းမပြုပေ။

အယ်လ်ရှာဘတ်ပြောရေးဆိုခွင့်ရှိသူက အဆိုပါတိုက်ခိုက်မှုကို အတည်ပြုသည်။ လေယာဉ် ဖြင့် တိုက်ခိုက်ခဲ့ခြင်း မဟုတ်ဘဲ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောကြားသော်လည်း သေဆုံးမှုနှင့် ပတ်သက်၍မူ ပြောကြားရန် ငြင်းဆိုခဲ့သည်။

ဘီဘီစီ။
The Mirror Daily
https://www.facebook.com/TheMirrorDaily



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ