မှတ်တိုင်မှ ယာဉ်ထွက်ခွာစဉ် ယာဉ်ပေါ်မှ ပြုတ်ကျသူ ခရီးသည်အမျိုးသား နောက်ဘီးဖြင့် ကြိတ်မိခဲ့၍ သေဆုံး


ရန်ကုန်၊ ဒီဇင်ဘာ ၃

၃.၁၂.၂၀၁၄ ရက်နေ့ ၁၈၁၅ အချိန်တွင် လှိုင်မြို့နယ်၊ အင်းစိန်လမ်း အတိုင်း လှိုင်မြို့နယ်ဘက်မှ ကမာရွတ်မြို့နယ်ဘက်သို့ မောင်းနှင်လာသော 7F---- (၂၂၆)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် သံလမ်းမှတ်တိုင် အရောက် ခရီးသည် အတင်အချ ပြုလုပ်ပြီး မောင်းနှင်ထွက်ခွာစဉ် ၎င်းယာဉ်ပေါ်မှ အသက်(၂၅)နှစ်ခန့် အမျိုးသား(စိစစ်ဆဲ)မှာ ပြုတ်ကျခဲ့သဖြင့် ယာဉ်၏ယာဘက် နောက်ဘီးဖြင့် ကြိတ်မိခဲ့ပြီး ယာဉ်းမောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ယာဉ်အား ထားကာ ထွက်ပြေး တိမ်းရှောင်သွားခဲ့ပါသည်။

ယာဉ်ဖြင့်ကြိတ်မိသူ အမျိုးသားမှာ ဦးခေါင်းကြေမွဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွား ခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား လှိုင်မြို့မရဲစခန်း ယာဉ်(ပ) ၅၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice?fref=nf

မှတ်တိုင်မှ ယာဉ်ထွက်ခွာစဉ် ယာဉ်ပေါ်မှ ပြုတ်ကျသူ ခရီးသည်အမျိုးသား နောက်ဘီးဖြင့် ကြိတ်မိခဲ့၍ သေဆုံး မှတ်တိုင်မှ ယာဉ်ထွက်ခွာစဉ် ယာဉ်ပေါ်မှ ပြုတ်ကျသူ ခရီးသည်အမျိုးသား နောက်ဘီးဖြင့် ကြိတ်မိခဲ့၍ သေဆုံး Reviewed by သစ်ထူးလွင် on 09:40 Rating: 5
Powered by Blogger.