ဂရိ သင်္ဘော နောက် တစီးက ဆက်သွယ် အချက်ပြ

သင်္ဘော ပေါ်က အာဖဂန် လူမျိုးတွေ ကယ်ဆယ် ရမိ
ဂရိ နိုင်ငံ ကော်ဖူး ကျွန်း နားမှာ ခရီးသည် ရာနဲ့ချီပြီး တင်ဆောင် လာတဲ့ သင်္ဘော တစီး ပေါ်ကနေ မသင်္ကာစရာ လက်နက်ကိုင် လူတစု ပါလာတယ် ဆိုတဲ့ အချက်ပြ ဆက်သွယ်မှု ပို့ခဲ့ကြောင်း ဂရိ သတင်းဌာန တွေက ရေးသား ပါတယ်။

သင်္ဘောပေါ်မှာ တရားမဝင် ဝင်ရောက် ရွှေ့ပြောင်းလာသူတွေ တင်ဆောင် လာပုံရတယ် လို့လည်း သိရပါတယ်။

Blue Sky M အမည်ရတဲ့ သင်္ဘော ဟာ မော်လ်ဒိုဗာ နိုင်ငံ အလံ လွှင့်တင် ထားတာ ဖြစ်ပါတယ်။

သင်္ဘော ရှိတဲ့ နေရာကို ရဟတ်ယာဉ် တွေနဲ့ သင်္ဘော တစီးကို ဂရိ ရေတပ်က စေလွှတ် ထားပါတယ်။

တနဂင်္နွေ နေ့က မုန်တိုင်းမိ မီးလောင်ခဲ့တဲ့ သင်္ဘော ပေါ်ကနေ နောက်ထပ် အလောင်းတွေ ထွက်လာနိုင်တယ်လို့ အီတလီ အာဏာပိုင် တွေက ပြောကြား ပါတယ်။

လောလောဆယ် ၁ဝ ယောက် သေဆုံးကြောင်း အတည်ပြု ထားပေမယ့် တရားမဝင် လိုက်ပါ လာတဲ့ အာဖဂန် လူမျိုး တွေ ကို ဒီ သင်္ဘော ပေါ်က ကယ်ဆယ် ရရှိ ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/12/141230_greece_ship

ဂရိ သင်္ဘော နောက် တစီးက ဆက်သွယ် အချက်ပြ ဂရိ သင်္ဘော နောက် တစီးက ဆက်သွယ် အချက်ပြ Reviewed by သစ်ထူးလွင် on 21:58 Rating: 5
Powered by Blogger.