ဗီယက်နမ်အသင်း ရှုံးနိမ့်မှု မသင်္ကာစရာတွေ့ရှိ၊ စုံစမ်းစစ်ဆေးမည်ဟုဆို


ဒီဇင်ဘာ ၁၁ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ဆူဇူကီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ ဗီယက်နမ် အသင်းက အိမ်ကွင်းမှာ မလေးရှားကို ၄ ဂိုး၊ ၂ ဂိုးနဲ့ ရုပ်ပျက်ဆင်းပျက် ရှုံးသွားတဲ့ကိစ္စမှာ မသင်္ကာစရာတွေ ရှိနေတဲ့အတွက် စုံစမ်းသွားမယ်လို့ ဗီယက်နမ် ဘောလုံးအသင်း တာဝန်ရှိသူတွေက မီဒီယာတွေကို ပြောပါတယ်။

ဗီယက်နမ်အသင်းဟာ အိမ်ကွင်းမှာ  ၄ ဂိုး  ပေးလိုက်ရတဲ့အတွက် ပရိသတ်တွေ အကြီးအကျယ် စိတ်ပျက်ခဲ့ကြပါတယ်။

ဗီယက်နမ်အသင်းက ကိုယ့်ဂိုးကိုယ်ပြန်သွင်းတဲ့ တဂိုးပေးလိုက်ရသလို၊ ကစားပုံဟာလည်း တမင် လျှော့ကစားတဲ့ပုံ ပေါက်နေတယ်လို့ ဘောလုံး တာဝန်ရှိသူတွေက မသင်္ကာဖြစ်နေတာပါ။

ဒါကြောင့် ဒီကိစ္စ ရဲအဖွဲ့ကို စုံစမ်းခိုင်းမယ်လို့ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဒုတိယ ဥက္ကဋ္ဌ ငုယင် ဇွင်ဂူး Nguyen Xuan Gu  က ပြောပါတယ်။

ဒီပွဲမှာ ဂိုးပြတ်နဲ့ ရှုံးသွားတဲ့အတွက် ဗီယက်နမ်အသင်းဟာ ဗိုလ်လုပွဲနဲ့ လွဲခဲ့ရပါတယ်။  မလေးရှားအသင်းက နှစ်ပွဲပေါင်းရလဒ် ၅ ဂိုး ၄ ဂိုးနဲ့ နိုင်ပြီး ဗိုလ်လုပွဲကို တက်ရောက် သွားပါတယ်။

ဆီမီးဖိုင်နယ် ပထမအကျော့မှာတုန်းက မလေးရှားအိမ်ကွင်းမှာ ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးထားတာပါ။

ဗီယက်နမ်နည်းပြကလည်း အဲဒီပွဲမှာ သူ့အသင်း ကစားပုံက တော်တော်ညံ့တယ်လို့ ပွဲအပြီးမှာ  ပြောခဲ့ပါတယ်။ ဗိုလ်လုပွဲကို ပထမအကျော့အဖြစ် ထိုင်းနဲ့ မလေးရှားအသင်းတို့ဟာ ဘန်ကောက်မှာ ဒီဇင်ဘာ ၁၇ ရက်နေ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/73650
ဗီယက်နမ်အသင်း ရှုံးနိမ့်မှု မသင်္ကာစရာတွေ့ရှိ၊ စုံစမ်းစစ်ဆေးမည်ဟုဆို ဗီယက်နမ်အသင်း ရှုံးနိမ့်မှု မသင်္ကာစရာတွေ့ရှိ၊ စုံစမ်းစစ်ဆေးမည်ဟုဆို Reviewed by သစ်ထူးလွင် on 13:35 Rating: 5
Powered by Blogger.