မော်လမြိုင်မြို့ ဈေးကြီးရပ်ကွက် ဆီသိုလှောင်ရုံတွင် မီးလောင်မှု ဖြစ်ပွား

ဒီဇင်ဘာ ၃ဝ ရက် ညနေပိုင်းက မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် မော်လမြိုင်- ကျိုက္ခမီလမ်း အိမ်အမှတ် (၅၂) သွပ်မိုးအုတ်ကာ သံကူကွန်ကရစ် ဆီသိုလှောင်ရုံတွင် မီးလောင်မှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ်။ (အဆိုပါ မီးလောင်မှုသည် ညနေ ၅ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားပြီး ဆီသိုလှောင်ရုံ တွင် ဆီပီပါများ ချစဉ် ကားအိပ်ဇောမှ မီးပွားလွင့်စဉ်မှုကြောင့် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။) ဓါတ်ပုံ - MOI Webportal Myanmar

ယာဉ်အား နေရာရွှေ့ပြောင်းရန် စက်နှိုးစဉ် အိတ်ဇောမှ ထွက်သော မီးပွားများ အနီးရှိ ဓါတ်ဆီ ဂိုဒေါင်အတွင်းသို့ ကျရာက မီးလောင်မှုဖြစ်ပွား

နေပြည်တော်၊ ဒီဇင်ဘာ ၃၁

၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ဝ ရက်နေ့ ညနေ ၄ နာရီအချိန် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြီးရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ခရိုင်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ၏ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ညနေ ၅ နာရီ ၄၅ မိနစ်အချိန် မီးငြိမ်းသွားခဲ့သည်။

စစ်ဆေးချက်အရ အဆိုပါ ရပ်ကွက်နေ မချိုချိုမာ(၂၉)နှစ်၏ နေအိမ်ခြံဝင်း အနောက်ဘက်ရှိ ဓါတ်ဆီဂိုဒေါင်အနီး၌ မုဒုံမြို့နယ်၊ ကျောက်တလုံးကျေးရွာနေ ထွန်းထွန်းဦး (ခ)စိုးပေ(၂၃)နှစ်မောင်းနှင်၍ ဓါတ်ဆီပီပါခွံများတင်ဆောင်ထားသည့် ၉င/xxxx ကန်တာအဖြူရောင် ယာဉ်မှာ နေရာရွှေ့ပြောင်းရန် စက်နှိုးစဉ် အိတ်ဇောမှထွက်သောမီးပွားများ ဂိုဒေါင်အတွင်းသို့ကျရာက မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပြီး မီးလောင်မှုကြောင့် (၆ဝx၇၅x၁၂)ပေရှိ သွပ်မိုး/အုတ်ကာ/ အုတ်ခင်း တစ်ထပ်ဂိုဒေါင်(၁)လုံး၊ ဂိုဒေါင်အတွင်းရှိ ဓါတ်ဆီပီပါ(၁၅)လုံး၊ ဒီဇယ်ပီပါ(၆၉)လုံးနှင့် ကန်တာအဖြူရောင်ယာဉ်(၁)စီးတို့ မီးလောင်ဆုံးရှုံးခဲ့သောကြောင့် မချိုချိုမာနှင့် ထွန်းထွန်းဦး(ခ)စိုးပေတို့ ၂ ဦးအား မော်လမြိုင်မြို့မရဲစခန်း(ပ)၃၇၇/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
မော်လမြိုင်မြို့ ဈေးကြီးရပ်ကွက် ဆီသိုလှောင်ရုံတွင် မီးလောင်မှု ဖြစ်ပွား မော်လမြိုင်မြို့ ဈေးကြီးရပ်ကွက် ဆီသိုလှောင်ရုံတွင် မီးလောင်မှု ဖြစ်ပွား Reviewed by သစ်ထူးလွင် on 17:56 Rating: 5
Powered by Blogger.