ကလေးများသတ်မှု သံသယဖြင့် မိခင်ကို သြစတြေးလျ ရဲဖမ်းဆီး


သြစတြေးလျနိုင်ငံ ကွင်းစလန်ပြည်နယ် မြောက်ပိုင်းက  ဆင်ခြေဖုံး အိမ်တအိမ်မှာ ကလေး ၈ ဦး သေဆုံးနေတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သေဆုံးသူ ကလေး ၇ ဦးရဲ့ မိခင်ကို လူသတ်မှု သံသယနဲ့ ဖမ်းဆီးလိုက်ပါတယ်။

သူ့ကို တစုံတရာစွဲချက်တင်တာတွေ မလုပ်ဆောင်ရသေးသလို သူရဲ့ နာမည်ကိုတော့လည်း ထုတ်ဖော်ပြောဆိုခြင်းမရှိသေးဘူးလို့ အေပီသတင်းမှာ ဖော်ပြပါတယ်။

အသက် ၃၇ နှစ်အရွယ် ဒီအမျိုးသမီးကို ဒီအိမ်မှာပဲ ဓားဒဏ်ရာတွေနဲ့ ကလေး ၈ ဦးနဲ့ အတူတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ကလေးတဦးဟာ ဒီအမျိုးသမီးရဲ့ တူဖြစ်တယ်လို့ဆိုပါတယ်။

အသတ်ခံရတဲ့ကလေးတွေကတော့ အသက် ၁၈ လကနေ ၁၄ နှစ်အရွယ်တွေ ဖြစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာမှာ ဓားစတဲ့ လက်နက်တွေကို တွေ့ရှိခဲ့ရသလို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ရဲတွေက ပြောပါတယ်။

By ကို​ထွေး​ (ဒီဗွီဘီ)
http://burmese.dvb.no/archives/74358
ကလေးများသတ်မှု သံသယဖြင့် မိခင်ကို သြစတြေးလျ ရဲဖမ်းဆီး ကလေးများသတ်မှု သံသယဖြင့် မိခင်ကို သြစတြေးလျ ရဲဖမ်းဆီး Reviewed by သစ်ထူးလွင် on 11:26 Rating: 5
Powered by Blogger.