စည်းကမ်းမဲ့ ယာဉ်မောင်း မှုတွေကြောင့် မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေ


လတ်တလောအချိန် ကာလတွင် ရန်ကုန်မြို့ရှိ မော်တော်ယာဉ်များ မောင်းနှင်သွားလာရာလမ်းကြောင်း များတွင် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ် လျက်ရှိရာ ယခုအခါ အများပြည်သူများ အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်များ၌ ယာဉ်ကြောပိတ် ဆို့မှုများဖြစ်ပေါ်လျက်ရှိပြီး အဆိုပါ ကိစ္စများဖြစ်ပွားရသည့် အဓိက အကြောင်းအရင်းမှာ မော်တော် ယာဉ်စီးရေတိုးပွားလာသည့်ကိစ္စများ အပြင် စည်းကမ်းမဲ့ယာဉ်မောင်းနှင် မှုများနှင့် ကျွမ်းကျင်မှုမရှိဘဲ မော်တော်ယာဉ်မောင်းနှင်ခြင်းများ ကြောင့်လည်း များစွာသက်ဆိုင်နေ ကြောင်း မော်တော်ယာဉ်လုပ်ငန်း ရှင်များ အသိုင်းအဝိုင်းမှ သိရသည်။

''ရန်ကုန်မြို့မှာ ယာဉ်စီးရေ တိုးပွားလာတာက သမ္မတသစ် လက်ထက်ရောက်မှာ တိုးလာတာ ပါ။ အရင်က ရန်ကုန်မြို့မှာ မော် တော်ယာဉ်သွားလာမှုအနေအထား က လက်ချိုးရေလို့ရခဲ့ပေမယ့် အခု နောက်ပိုင်းနှစ်တွေမှာ ကားလမ်း ကူးရင် တောင်ကားတိုက်ခံရမှာကြောက်နေရတယ်။ ယာဉ်စီးရေ တိုးလာတာကောင်းတဲ့လက္ခဏာ တစ်ရပ်ဖြစ်ပေမယ့် သက်ဆိုင်ရာ ကလဲ ထိန်းချုပ်နိုင်မှုအားနည်းနေသလို စည်းကမ်းမရှိတဲ့ယာဉ်မောင်းနှင်သူတွေလဲများလာတယ်။ ကျွမ်းကျင်မှုမရှိတဲ့သူတွေပါ ကား မောင်းနေကြတော့ လမ်းကျပ်တဲ့ အပိုင်းတွေမှာဆိုရင် ယာဉ်စီးရေ တိုးလာတာနဲ့အမျှ နိုင်ငံတကာ လမ်းတွေလို အဆင့်မီအောင်မလုပ် နိုင်သေးတဲ့အပိုင်းတွေရယ်၊ အရေး ယူမှုအားနည်းတာတွေနဲ့ လစ်ရင် လစ်သလို လုပ်တတ်တဲ့စည်းကမ်း မဲ့မှုတွေကလဲ ယာဉ်ကြောပိတ်ဆို့မှု တွေကို မကြာခဏဖြစ်ပေါ်စေတဲ့ အကြောင်းအရာ တွေဖြစ်ပါတယ်။ ယာဉ်နှစ်ထပ်၊ သုံးထပ်ရပ်တဲ့ကိစ္စ တွေနဲ့ ယာဉ်မရပ်ရတဲ့နေရာတွေမှာ ယာဉ်ရပ်နားတာတွေ၊ လမ်းမပေါ် တက်ပြီး စည်းကမ်းတကျမမောင်း နှင်နိုင်တဲ့ ယာဉ်မောင်းတွေပါများလာ တဲ့အတွက် နိုင်ငံတော်ရဲ့စေတနာက ဝေဒနာ အဖြစ် ပြောင်းသွားသလို ပါပဲ။ ထိရောက်တဲ့အရေးယူဆောင်ရွက်မှုမရှိသမျှ၊လူတွေရဲ့စည်းကမ်း မဲ့မှုတွေရှိနေသမျှ ရန်ကုန်မြို့မှာ တံတားဆောက်၊လမ်းဖောက်ပေး နေပေမယ့်လဲ ယာဉ်ကြောပိတ်ဆို့မှုတွေကတော့ ရှိနေဦးမှာပဲ''ဟု ကမာရွတ်မြို့နယ်မှ အငှားယာဉ်လုပ်ငန်းပိုင်ရှင်ကိုစောကပြောသည်။

မြန်မာပြည်တွင်းသို့ သက်ဆိုင် ရာမှ မော်တော်ယာဉ်များ ဖျက်သိမ်းအစားထိုးခြင်း၊လုပ်ငန်းများ စတင် ခဲ့သည့်အချိန် ကာလမှ တဖြည်း ဖြည်းတိုးတက်များပြားလာခဲ့သည့် မော်တော်ယာဉ်စီးရေ ပမာဏထက် သက်ဆိုင်ရာက ထပ်မံ၍ နိုင်ငံသား တိုင်းလွတ်လပ်စွာကားတင်သွင်းခွင့်နှင့် Free ပါမစ်များချထားပေးပြီးနောက်ပိုင်းတွင် တိုးပွားလာ သောမော်တော်ယာဉ်စီးရေမှာ တစ်စထက်တစ်စ ပိုမိုများပြားလာခဲ့ရာ လက်ရှိအချိန်ကာလအထိ သိန်းဂဏန်း အထိရှိနေပြီဖြစ်သော်လည်း လုပ်ငန်းရှင်များအနေဖြင့် ထပ်မံတင်သွင်းသွားမည့် မော်တော်ယာဉ်စီးရေမှာ လက်ရှိအနေအထား အရ ဆိပ်ကမ်းများတွင် သောင်းဂဏန်းအထက်ရှိနေသေးကြောင်း လည်းသိရသည်။

''ရန်ကုန်မှာ ယာဉ်စီးရေတိုးလာတာကောင်းတဲ့လက္ခဏာတစ်ရပ် ဆိုပေမယ့် တိုးပွားလာတဲ့ယာဉ်စီးရေအလိုက် သွားလာမှုကဏ္ဍအတွက်ကိုပါ သက်ဆိုင်ရအနေနဲ့ စီစဉ်ဆောင်ရွက်ပေးနိုင်မှ အဆင်ပြေမှာ ဖြစ်ပါတယ်။ ကားတွေများပြီး လမ်းတွေကျပ်လာတယ်ဆိုပေမယ့် နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့စနစ် တွေအတိုင်း ဖြစ်လာမယ်ဆိုရင် တော့ ယာဉ်ကြောပိတ်ဆို့မှုပြဿနာ နဲ့ ယာဉ်တိုက်မှုတွေကိုပါ အလွယ် တကူဖြေရှင်းနိုင်မှာပေါ့။ ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်တာနဲ့အညီ ဒီလိုကိစ္စတွေ က ကြုံတွေ့နိုင်တယ်ဆိုပေမယ့် စီးပွားရေးသမားက စီးပွားရေးအမြင် နဲ့ပဲ အလုပ်လုပ်နေမှာပဲ။လုပ်ငန်းရှင် ကလဲ အမြတ်ရဖို့အတွက် ကျန် အောင်လုပ်နေတယ်ဆိုတာမှန်ပေ မယ့် သက်ဆိုင်ရာက ထိန်းချုပ်တဲ့ အပိုင်းမှာလဲ ဥပဒေအတိုင်းတင်း တင်းကျပ်ကျပ်လုပ်မယ်ဆိုရင် အထိုက်အလျောက်တော့ ပြေလည် လာမယ်လို့ထင်ပါတယ်။ လက်ရှိ အနေအထားက မြန်မာပြည်ကို ကား အဝင်များပြီး အထွက်ကျတော့ နည်းနေတယ်။ ထိရောက်တဲ့ဖြေ ရှင်းကိုင်တွယ်မှု တွေကို သက်ဆိုင် သူတွေအနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက်မယ်ဆိုရင် အကုန်လုံး မဟုတ်ရင်တောင် တစ်စိတ်တစ် ဒေသတော့ အထောက်အကူဖြစ် လာမှာဖြစ်ပါတယ်''ဟု ပြည်တွင်း ပြည်ပလေလံစီးပွားရေးလုပ်ငန်းရှင် ဦးသန်းဌေး ကပြောသည်။

၎င်းအပြင် ရန်ကုန်မြို့တွင်း၌ နေ့စဉ်သွားလာနေသည့် မော်တော် ယာဉ်စီးရေများစွာရှိသည့်အနက် အချို့သော အငှား ယာဉ်များ၊ ခရီးသည်ယာဉ်များနှင့် ကိုယ်ပိုင်ယာဉ်အများအပြားသည် ယာဉ်နှစ်ထပ်ရပ်ခြင်းများ၊ လမ်းမပေါ်တွင် ယာဉ်ရပ် နားခြင်းများအပြင် သတ်မှတ်ထားသည့်နေရာအတွင်း ယာဉ်ရပ်နားခြင်းမပြုသည့်ကိစ္စရပ်များကြောင့် အများ ပြည်သူများ သွားလာသည့်လမ်းပျောက်မှုများရှိနေသလိုယာဉ်တိုက်မှုဖြစ်စဉ်များမကြာခဏဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။

''ယာဉ်ကြောကျပ်တည်းမှုကိစ္စ တွေမှာ လမ်းကျပ်တာကတစ် ကြောင်း၊ လူတွေရဲ့စည်းကမ်းမဲ့ ကြတဲ့လုပ်ရပ်တွေက တစ်ကြောင်း၊ လိုင်းကားတွေရဲ့ စည်းကမ်းမဲ့တဲ့ လုပ်ရပ်တွေအပြင် သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က အားနည်း ချက်တွေလဲပါဝင်နေတာကြောင့် ပတ်သက်မှုကများပါတယ်။ ဥပမာ ရုပ်ရှင်ရုံရှေ့မှာ ကားရပ်တာ၊ စင် တာတွေရှေ့မှာ ကားရပ်လာမှုအပိုင်း မှာလဲ ပိုက်ဆံပေးရင်ရတယ်ဆိုတဲ့ အတွေးတွေကြောင့် အခုနောက်ပိုင်း နှစ်တွေမှာ တဖြည်းဖြည်း ပိုဆိုးလာ တယ်။ အခုအခြေအနေက ဖြူနီ ကျားမှာလဲရပ်တယ်၊ လမ်းလယ် ဈေးမှာလဲ ကားပျက်သလိုလိုနဲ့ ရပ် ထားတယ်။ ရဲလာတော့ မောင်း ပြေးတယ်။ တက္ကစီတွေကလဲ စည်းကမ်းမဲ့တဲ့အခြေအနေက မှတ် တိုင်မှာတောင်ရပ်ပြီး ခရီးသည်ရှာ နေတော့ ဒီဖြစ်စဉ်တွေကိုထိရောက် တဲ့ကိုင်တွယ်ဖြေရှင်းမှုလုပ်ပေးဖို့ ဆိုတာ အများကြီးလိုအပ်နေပါပြီ'' ဟု အငြိမ်းစားအရာရှိတစ်ဦးက ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်ကာလတွင် ရန်ကုန်မြို့တွင်း ကားလမ်းမများ ပေါ်၌ ယာဉ်မောင်းသူများ၏စည်း ကမ်းမဲ့မောင်းနှင်မှုများ ကြောင့်သော် လည်းကောင်း၊ စည်းကမ်းမဲ့လမ်း ဖြတ်သူများ၏ပေါ့ဆမှုကြောင့်သော် လည်းကောင်း၊ မော်တော်ယာဉ် မောင်းနှင်သူများ၏ပေါ့ဆမှုများ ကြောင့်သော်လည်းကောင်း ယာဉ် တိုက်မှုများမကြာခဏဖြစ်ပေါ်နေ ပြီး ၄င်းဖြစ်စဉ်များ သည် ခရီးသွား ပြည်သူများ၏ရုံးချိန်၊ ကျောင်းချိန်၊ အတက်အဆင်းအချိန်များတွင် အများဆုံးဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ရွှေအောင်
The Union Daily
http://uniondaily.net/News/DetailView.aspx…
စည်းကမ်းမဲ့ ယာဉ်မောင်း မှုတွေကြောင့် မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေ စည်းကမ်းမဲ့ ယာဉ်မောင်း မှုတွေကြောင့် မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေ Reviewed by သစ်ထူးလွင် on 20:35 Rating: 5
Powered by Blogger.