တောင်ကိုရီးယား ငါးဖမ်းသင်္ဘောနစ်မြုပ် လူ ၅၀ ကျော် ပျောက်ဆုံး

သဘောင်္အမှုထမ်း (၆၀) လိုက်ပါလာတဲ့ တောင်ကိုရီးယား ငါးဖမ်း သင်္ဘောဟာ ရုရှားအရှေ့ဖက် ကမ်းလွန် Bering ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့ပြီး လူတဦး သေဆုံး (၅၂) ဦး ပျောက်ဆုံးဆဲ ဖြစ်ပါတယ်။ အဲဒီပင်လယ်ပြင်တ၀ိုက်မှာ တခြား သင်္ဘောတွေက ရှာဖွေရေး လုပ်ငန်းတွေ လုပ်ဆောင်နေပေမယ့် လေပြင်းပြီး လှိုင်းကြီးတဲ့ဆိုးရွားလှတဲ့ ရာသီဥတုကြောင့် ကယ်ဆယ်ရေး လုပ်ငန်း ကြန့်ကြာ ခဲ့ရပါတယ်။

ငါးဖမ်းသဘောင်္အနေနဲ့ ပထမ အခက်အခဲကြုံခဲ့ရပြီး (၃) နာရီကျော်ကြာမှသာ ကယ်ဆယ်ရေးပထမအသုတ် ရောက်ရှိခဲ့ပါတယ်။ သဘောင်္အမှုထမ်း (၇) ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။ (၄) ဦးဟာ အသက်ကယ်လှေပေါ်မှာရှိနေပြီး ကျန် အမှုထမ်းတွေကတော့ မျောနေတဲ့ အပိုင်းအစတွေကို ဖက်တွယ်ထားကြရတယ်လို့ ဆိုပါတယ်။

သင်္ဘောအမှုထမ်းတွေနဲ့ အင်ဒီနီးရှားလူမျိုး (၃၅) ဦး၊ ဖိလစ်ပိုင် (၁၃) ဦး၊ တောင်ကိုရီးယားနိုင်ငံသား (၁၁) ဦးနဲ့ ရုရှား စစ်ဆေးရေးမှူးတဦး ပါဝင်ပါတယ်။ ကယ်ဆယ်ခံခဲ့ရသူ (၇) ဦးအနက် ကိုရီးယားတဦးမှ မပါဝင်ပါဘူး။ လှိုင်းထန်မှုကြောင့် သင်္ဘောတဖက်ကို တိမ်းလာတဲ့အတွက် အမှုထမ်းတွေက သဘောင်္ကို စွန့်ပစ်ခဲ့ရတယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။

Oryong 501 ငါးဖမ်းသင်္ဘောဟာ (၃၆) နှစ် သက်တမ်းရှိပြီး တောင်ကိုရီးယား ဆာဂျိုး ငါးဖမ်းသင်္ဘောကုမ္ပဏီပိုင်ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/missing-over-50-from-sinking-south-korea-fishing-ship-/2542002.html


တောင်ကိုရီးယား ငါးဖမ်းသင်္ဘောနစ်မြုပ် လူ ၅၀ ကျော် ပျောက်ဆုံး တောင်ကိုရီးယား ငါးဖမ်းသင်္ဘောနစ်မြုပ် လူ ၅၀ ကျော် ပျောက်ဆုံး Reviewed by သစ်ထူးလွင် on 09:48 Rating: 5
Powered by Blogger.