ဗိုလ်တထောင်မြို့နယ်တွင် လမ်းဖြတ်ကူးသူအား ယာဉ်တိုက်ခံရသဖြင့် သေဆုံး


ရန်ကုန်၊ ဒီဇင်ဘာ ၂၀

၁၉.၁၂.၂၀၁၄ရက်နေ့ ၂၃၁၅အချိန် ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်း အတိုင်း ဆူးလေဘုရား ဘက်မှ မဟာဗန္ဓုလ တံတားဘက်သို့ ဒေါပုံမြို့နယ်နေ ယာဉ်မောင်း ကိုကျော်ကျော်ဝင်း (၂၃)နှစ် မောင်းနှင်လာသော 2I---WAGON ကိုယ်ပိုင်ယာဉ်သည် စန္ဒကူး လမ်းထိပ်အရောက် လမ်းဖြတ်ကူးသူ ကိုသိန်းထိုက်အား တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ကိုသိန်းထိုက်တွင် ၀ဲချိုစောင်းပေါက်ပြဲ၊ နှာခါင်းသွေးထွက် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကိုကျော်ကျော်ဝင်းအား ဗိုလ်တထောင်မြို့မရဲစခန်း ယာဉ်(ပ)၃၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ဗိုလ်တထောင်မြို့နယ်တွင် လမ်းဖြတ်ကူးသူအား ယာဉ်တိုက်ခံရသဖြင့် သေဆုံး ဗိုလ်တထောင်မြို့နယ်တွင် လမ်းဖြတ်ကူးသူအား ယာဉ်တိုက်ခံရသဖြင့် သေဆုံး Reviewed by သစ်ထူးလွင် on 19:14 Rating: 5
Powered by Blogger.