သျှမ်းပြည်တောင်ပိုင်း၌ အခြေခံမဲဆန္ဒရှင် စာရင်းစတင် ကောက်ယူ



ဒီဇင်ဘာလ ၁၇ ရက် ၂၀၁၄

ဒီဇင်ဘာလ ၂၂ ရက်နေ့မှစ၍ သျှမ်းပြည် တောင်ပိုင်း မြို့နယ်ရွေးေ ကာက် ပွဲ ကော်မရှင်အဖွဲ့ခွဲ နှင့် ရပ်ကျေး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတို့မှ အခြေခံ မဲဆန္ဒရှင်စာရင်းများ စတင် ကောက်ယူ သွားမည် ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

သို့သော် ယင်းမဲစာရင်းများအား အတည်ပြုထုတ်ပြန်ကြေညာရန် မဟုတ်သေးကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဌ ဦးတင်ဦးကပြောသည်။

သျှမ်းပြည်တောင်ပိုင်းအနေဖြင့် တောင်ကြီး၊ ရပ်စောက်၊ကလော၊ ဖယ်ခုံ၊ ညောင်ရွှေ နှင့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပင်းတယ၊ ရွာငံ စသည့် မြို့နယ် ၁၀ မြို့ နယ် တွင် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုသွားမည်ဖြစ်ကြောင်းသိရသည်။

မဲဆန္ဒရှင်စာရင်းပြုစုရာတွင် ၂၀၁၅ နိုဝင်ဘာလတွင် အသက် ၁၈ နှစ်ပြည့်သူများကို မဲဆန္ဒရှင်စာရင်း ထည့်သွင်းသည်ဖြစ်ရာ အခြေခံမဲ ဆန္ဒရှင်စာရင်းဖြစ်သည့်အတွက် ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်း ရှိသူဖြစ်ရမည်။ မိမိ၏ ရပ်ကွက်/ ကျေး ရွာအုပ်စုသားသည် မဲစာရင်းပြုစုသည့် အချိန်၌ နိုင်ငံခြားသို့ သွားရောက်နေထိုင်ခြင်း၊ ပြည်တွင်းရှိ အခြားမြို့နယ်သို့ သွား ရောက် အလုပ်လုပ်ကိုင်နေခြင်း ၊စစ်ဘေးရှောင်သူ နှင့် အခြား အကြောင်းအမျိုးမျိုး ကြောင့် တခြားဒေသသို့ ခေတ္တ သွား ရောက် နေထိုင် သူများကိုလည်း မဲစာရင်းထည့်သွင်းရမည်ဖြစ်သည်ဟုဆိုပါသည်။

ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ နှင့် IFES ( International Foundation for Election System ) မှ အခြေခံမဲဆန္ဒရှင်စာရင်းအား ကွန်ပျူတာ အချက်အလက်ထည့်သွင်းခြင်း ဆိုင်ရာသင်တန်း ပို့ချခဲ့သည်။

ကွန်ပျူတာတစ်လုံးတွင် တစ်ရက်လျင် လူဦးရေ (၃၀၀)ခန့်စာရင်းသွင်းနိုင်ရ မည်ဖြစ်ပြီး၊ တောင်ကြီးမြို့နယ် အတွက် လေးလခန့် အချိန်ယူရမည်ဖြစ်ေ ကြာင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဒုညွှန်မှူး ဦးသန်းလွင်မြင့် ကရှင်းပြ သည်။

အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းအား ရန်ကုန်မြို့(အလုံ)၊ ချင်းပြည်နယ်(တီးတိန်)၊ ကချင်ပြည်နယ်(၀ိုင်းမော်) တို့တွင် ပထမအဆင့်၊ သျှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဒုတိယအဆင့် အနေနှင့် ကောက်ယူခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်း အတာအနေဖြင့် ၂၀၁၅ ခုနှစ် ဂျူလိုင်လတွင် ပြုစုပြီးစီးနိုင်မည်ဟုလျာထားကြောင်းသိရသည်။

သျှမ်းသံတော်ဆင့်/ ယိင်းတိုင်း
https://www.facebook.com/Panglong.burmese

သျှမ်းပြည်တောင်ပိုင်း၌ အခြေခံမဲဆန္ဒရှင် စာရင်းစတင် ကောက်ယူ သျှမ်းပြည်တောင်ပိုင်း၌ အခြေခံမဲဆန္ဒရှင် စာရင်းစတင် ကောက်ယူ Reviewed by သစ်ထူးလွင် on 05:05 Rating: 5
Powered by Blogger.