လမ်းဘေး၌ရပ်နေသူအမျိုးသားတစ်ဦး ယာဉ်တိုက်ခံရသဖြင့် သေဆုံး


ရန်ကုန်၊ ဒီဇင်ဘာ ၅

၎.၁၂.၂၀၁၄ ရက်နေ့ ၂၂၃၀ အချိန်တွင် အင်းစိန်မြို့နယ်၊ လမ်းသစ်လမ်းအတိုင်း အရှေ့မှအနောက်သို့ အင်းစိန်မြို့နယ်နေ ယာဉ်မောင်းကိုဖုန်းနိုင်ဦး(၂၂)နှစ်ေ မောင်းနှင်လာသော 1F----နစ်ဆန်းဗင်နတီ ပစ်ကပ်ယာဉ်သည် ကမ္ဘောဇ ဘဏ် အလွန်အရောက် ယာဘက်လမ်းစပ်၌ ရပ်နေသည့် ရွှေပြည်သာမြို့နယ်နေ ဦးသီဟအား ၀င်ရောက်တိုက်မိ ခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ဦးသီဟမှာ နဖူးနှင့်ယာနားထင်တို့၌ ပေါက်ပြဲဒဏ်ရာ များရရှိကာ အင်းစိန်ဆေးရုံ မှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း ကိုဖုန်းနိုင်ဦးအား အင်းစိန်မြို့မရဲစခန်းယာဉ်(ပ) ၁၄၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice?fref=nf
လမ်းဘေး၌ရပ်နေသူအမျိုးသားတစ်ဦး ယာဉ်တိုက်ခံရသဖြင့် သေဆုံး လမ်းဘေး၌ရပ်နေသူအမျိုးသားတစ်ဦး ယာဉ်တိုက်ခံရသဖြင့် သေဆုံး Reviewed by သစ်ထူးလွင် on 16:54 Rating: 5
Powered by Blogger.