ကလေးတွေ တက်တူး စိတ်ဝင်စားလာလို့ ဂျိုလီတို့ စုံတွဲ အခက်ကြုံ



လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၁၀

ဘရတ်ပစ်နဲ့ ဂျိုလီတို့ဟာ တကိုယ်လုံး နေရာအနှံ ထိုးထားတဲ့ တက်တူးတွေ ထုတ်ပြဖို့ မရှက်ရွံ့ကြပေမယ့် သူတို့ရဲ့ ကလေးငယ် ၆ ဦးတို့က တက်တူးထိုးချင်တယ်လို့ ပြောလာချိန်မှာတော့ ဖခင်ဖြစ်သူ ဘရက်ပစ်က ‘နိုး’ လို့ တားမြစ်လိုက်တာပဲ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အကြောင်း နောက်ခံထားတဲ့ Unbroken ဇာတ်ကား ရောင်းအားမြှင့်တင်ရေး လုပ်နေရလို့ မအားလပ်လှတဲ့ ဂျိုလီက သူမရဲ့ ခင်ပွန်းဟာ ကလေးတွေ တက်တူးထိုးချင်နေတာကို အခိုင်အမာ ဆန့်ကျင်တားမြစ်လိုက်တယ် လို့ ဖွင့်ဟလာခြင်း ဖြစ်ပါတယ်။

သူမကိုယ်တိုင်လည်း အကြီးဆုံး သားဖြစ်သူ မတ်ဒ်ဒေါ့စ် (၁၃ နှစ်) က မိဘများရဲ့ တက်တူးချစ်စိတ်ကို အမွေဆက်ခံရင်း တက်တူးထိုးဖို့ တောင်းဆိုတဲ့ အချိန်မှာ တားမြစ်ခဲ့ပေမယ့် ယခုအခါ ဇာဟာရာ (၉ နှစ်) ကပါ စိတ်ဝင်စားမှု ရှိလာတာပါ။

“သူတို့က ကျွန်မကို တက်တူးအကြောင်း မေးနေကြပြီ၊ ကျွန်မ ဘယ်လို ‘နိုး’ ရမလဲ၊ အထူးသဖြင့်တော့ ဖခင်ဖြစ်သူနဲ့ သမီးတွေကြားမှာ ဆိုရင် ပိုပြီး ထိလွယ်ရှလွယ်ဖြစ်တတ်တာမျိုးပေါ့၊ ဖခင်တွေက သမီးတွေ တက်တူးထိုးမှာမျိုး လုံးဝ လက်မခံတတ်ကြဘူး။ အခုတော့ ဘရတ်ကို ကလေးတွေက ၀ိုင်းချွဲနေကြပြီ” လို့ ဂျိုလီက ဆိုတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကမှ လက်ထပ်လိုက်ကြတဲ့ ဟောလိဝုဒ် ဇနီးမောင်နှံဟာ သူတို့ သားသမီးတွေကိုတော့ ရုပ်ရှင်သရုပ်ဆောင်တွေ မဖြစ်စေလိုပါဘူး။

“ကျွန်မတို့ရဲ့ ကလေးတွေ ကမ္ဘာတ၀န်းကို လိုက်ကြည့်ဖို့ မျှော်လင့်တယ်၊ စာရေးဆရာတွေ၊ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေကိုပဲ အားကျအတုယူစေချင်တယ်။ ကလေးတွေမှာ ကိုယ်ပိုင် ဘ၀လေးတွေ ရှိကြတယ်။ ဒါကြောင့် ကျွန်မတို့ လုပ်တာမျိုးပဲ လိုက်မလုပ်စေချင်ဘူး” လို့ ဂျိုလီက ပြောပါတယ်။

ကျော်လင်းထွန်း
__Ref: Contactmusic
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ကလေးတွေ တက်တူး စိတ်ဝင်စားလာလို့ ဂျိုလီတို့ စုံတွဲ အခက်ကြုံ ကလေးတွေ တက်တူး စိတ်ဝင်စားလာလို့ ဂျိုလီတို့ စုံတွဲ အခက်ကြုံ Reviewed by သစ်ထူးလွင် on 17:00 Rating: 5
Powered by Blogger.