၁၂ ပွင့်ဆိုင်ဆွေးနွေး​ရေးအဆို ရန်ကုန်တိုင်းလွှတ်တော်တွင် အတည်ပြု


ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး အတွက် ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံမှု အစား ၁၂ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ အဆိုကို ဒီ​က​နေ့ ရန်ကုန်တိုင်း လွှတ်​တော် အစည်းအ​ဝေးမှာ ​ဆွေး​နွေးပြီး အတည်ပြု လိုက်တာပါ။

တိုင်းရင်းသား ပင်မမျိုးနွယ်စုကြီး ၇ မျိုး ပါဝင်စေမယ့် ခေါင်းဆောင် ၁၂ ဦး ဆွေးနွေးဖို့ တိုင်းဒေသကြီး အစိုးရကတဆင့် ပြည်ထောင်စုအစိုးရသို့ တင်ပြပေးရန် ကရင်တိုင်းရင်းသားလွှတ်​တော်ကိုယ်စားလှယ် ဦးစောထွန်းအောင်မြင့်က မ​နေ့က လွှတ်​တော်ကို အရေးကြီးအဆို တင်သွင်းခဲ့တာဖြစ်ပြီး လွှတ်​တော်ကိုယ်စားလှယ် ၁၄ ဦးက ​ဆွေး​နွေးခဲ့တာပါ။

အဲဒီအဆိုကို ​လွှတ်​တော်အဆုံးအဖြတ်ယူဖို့အတွက် လျှို့ဝှက်မဲ​ပေးစနစ်နဲ့ ​မဲခွဲဆုံးဖြတ်ပြီး ​ထောက်ခံမဲ ၂၂ မဲ၊ ကန့်ကွက်မဲ ၉  မဲဖြစ်တဲ့အတွက် ရန်ကုန်တိုင်း​ဒေသကြီးလွှတ်​တော်က အထည်ပြုခဲ့တာပါ။

ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးအတွက်​တွေ့ဆုံ​ဆွေး​နွေးမှုကို ၆ပွင့်ဆိုင်နဲ့ပဲစတင်သင့်တယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ဝေဖန်လိုက်ပါတယ်။

“၆ပွင့်ဆိုင်နဲ့ အရင်စပြီး​တော့ အစည်းအ​ဝေးကို တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်​လောက်ပြီးသွားတာနဲ့ တပြိုင်နက်တည်း ကျမတို့က ၁၂ ပွင့်ဆိုင်လည်းလုပ်လို့ရတယ်။ ၁၅ ပွင့်ဆိုင်လည်း လုပ်လို့ရတယ်။ နိုင်ငံ​ရေးပါတီအစုံကလည်းဝင်လို့ရတယ်။ ၆ ပွင့်ဆိုင်ကအစပဲ ရှိ​သေးတယ်။ ၆ ပွင့်ဆိုင်က အဆုံးမဟုတ်ဘူး။ ဒါ့​ကြောင့်မို့ ကျမက ၆ ပွင့်ဆိုင်ကိုပဲ ဦးတည်ပြီး တစိုက်မတ်မတ်အ​ကောင်အထည်​ဖော်ဖို့​ပြောတာ” လို့ ​ဒေါက်တာညိုညိုသင်းကဆိုပါတယ်။

နိုဝင်ဘာလ ၂၅ ရက်​နေ့က ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ၆ ဦးထဲက ၅ ဦးဖြစ်တဲ့ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော် အကြီးအကဲ ၂ ဦး ပါဝင်ဖို့ကို ထောက်ခံပြီး တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တဦးအစား တိုင်းရင်းသား ပင်မမျိုး နွယ်စုကြီး ၇ မျိုးဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်း ကိုယ်စားလှယ်တဦးစီ ထည့်သွင်းပြီး ၁၂ ဦး ပါဝင်စေရေး လွှတ်တော်ကို တင်သွင်းခြင်းဖြစ်ပါတယ်။

ရန်ကုန်တိုင်း​ဒေသကြီး အစိုးရအဖွဲ့ဝင် နယ်စပ်​ရေးရာနဲ့ လုံခြုံ​ရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက “နိုင်ငံ​တော်ကြီးရဲ့ အသက်​သွေး​ကြောဖြစ်တဲ့ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ ပြင်ဆင်​ရေးအတွက်​ ဆွေး​နွေးတဲ့အခါမှာ ဒီ ၆ ပွင့်ဆိုင်​ ဆွေး​နွေးရုံ တိုင်းရင်းသား ကိုယ်စားလှယ်တဦးတည်းဖြင့်​ ဆွေး​နွေးရုံနဲ့ မလုံ​လောက်ပဲ ကျန်တိုင်းရင်းသားများဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း ထည့်သွင်း​ဆွေး​နွေးမှသာ ပိုမိုပြည့်စုံတဲ့​ဆွေး​နွေးချက်ဖြစ်မယ်လို့ ကျ​နော်အ​နေနဲ့ယူဆပါတယ်” လို့​ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို ဆောလျင်စွာ ပြုလုပ်ရေး နိုဝင်ဘာ ၂၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အဲ့လိုအတည်ပြုပြီး​နောက် ပြည်​ထောင်စုလွှတ်​တော်က နိုင်ငံ​တော်သမ္မတထံ ၆ ပွင့်ဆိုင်​တွေ့ဆုံဖို့ သဝဏ်လွှာ​ပေးပို့ရာမှာ ​တွေ့ဆုံပွဲမှာပါဝင်မယ့် ​ဒေါ်​အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား လွှတ်​တော်ကိုယ်စားလှယ် ​ဒေါက်တာ​အေး​မောင်တို့ကို​ ရွေးချယ်ထားတာဟာ အဖွဲ့အစည်း ဒါမှမဟုတ် လွှတ်​တော်ကိုယ်စားပြုလို့ တိတိကျကျမ​ရေးထားတဲ့အတွက် အစိုးရအ​နေနဲ့​တွေ့ဆုံဖို့ မဆုံးဖြတ်ရ​သေးဘူးလို့ နိုင်ငံ​တော်သမ္မတ ​ပြော​ရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ​ပြောကြားဖူးပါတယ်။

By ကျော်ဇေယျာဝင်း / (ဒီဗွီဘီ)
http://burmese.dvb.no/archives/73438
၁၂ ပွင့်ဆိုင်ဆွေးနွေး​ရေးအဆို ရန်ကုန်တိုင်းလွှတ်တော်တွင် အတည်ပြု ၁၂ ပွင့်ဆိုင်ဆွေးနွေး​ရေးအဆို ရန်ကုန်တိုင်းလွှတ်တော်တွင် အတည်ပြု Reviewed by သစ်ထူးလွင် on 17:44 Rating: 5
Powered by Blogger.