ဆီဘောက်ဆာကား အောက်မှာ အိပ်ပျော်နေတဲ့ ယာဉ်နောက်လိုက် ကားကြိတ်မိလို့ သေဆုံး


ရပ်ထားရာမှ မောင်းနှင်ထွက်ခွါစဉ် ယာဉ်အောက်တွင် အိပ်ပျော်နေသူအား နောက်ဘီးဖြင့် ကြိတ်မိ၍ သေဆုံးမှုဖြစ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

၁၅.၁၂.၂၀၁၄ရက်နေ့ ၀၇၃၀အချိန် ကျောက်တန်းမြို့နယ်၊ သီလ၀ါလမ်းမကြီး၏ ယာဘက်လမ်းဘေး တွင်ရပ်ထားသော 4H---- NISSAN ဆီဘောက်ဆာ ယာဉ်အား ယာဉ်မောင်းဖြစ်သူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နေသူ ကိုနန်းဦး (၃၃)နှစ်မှ မောင်းနှင်ထွက်ခွါစဉ် ယာဉ်၏အောက်တွင် အိပ်ပျော် နေသော ယာဉ်နောက်လိုက်ဖြစ်သူ ကိုထွန်းနိုင် (၃၅)နှစ်အား ယာဉ်၏၀ဲဘက် နောက်ဘီးဖြင့် ကြိတ်မိခဲ့ ပါသည်။

ထိုသို့ ကြိတ်မိခဲ့သဖြင့် ကိုထွန်းနိုင်တွင် ဦးခေါင်းကွဲအက်ဒဏ်ရာ၊ ၀ဲခြေပွန်းပဲ့ဒဏ်ရာများရရှိပြီး အခင်း ဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကိုနန်းဦးအား သီလ၀ါနယ်မြေရဲစခန်း ယာဉ်(ပ)၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၇၉ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ဆီဘောက်ဆာကား အောက်မှာ အိပ်ပျော်နေတဲ့ ယာဉ်နောက်လိုက် ကားကြိတ်မိလို့ သေဆုံး ဆီဘောက်ဆာကား အောက်မှာ  အိပ်ပျော်နေတဲ့ ယာဉ်နောက်လိုက် ကားကြိတ်မိလို့ သေဆုံး Reviewed by သစ်ထူးလွင် on 15:53 Rating: 5
Powered by Blogger.