မထသ(ဗဟို) တွင် မှတ်ပုံတင်ထားသည့် ခရီးသည်တင် ယာဉ်ထက် နေ့စဉ်ယာဉ်စီးရေ ၂၄၀၀ ခန့်လျော့နည်း ပြေးဆွဲနေ


ရန်ကုန် ၊ ၁၉-၁၂-၂၀၁၄

ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီတွင် မှတ်ပုံတင် ထားသည့် ခရီးသည် တင်ယာဉ် အစီးရေထက် နေ့စဉ် ယာဉ် အစီးရေ ၂၄ဝဝ ခန့် လျော့နည်း ပြေးဆွဲလျက် ရှိကြောင်း မ-ထ-သ (ဗဟို)မှ စာရင်း အတိအကျ ထုတ်ပြန် ကြေညာ ထားသည်။

ရန်ကုန်မြို့တွင်း၌ ပြေးဆွဲလျက် ရှိသည့် ယာဉ်လိုင်း အရေအတွက်မှာ စုစုပေါင်း ၃၆၅ လိုင်းအထိ ရှိနေပြီး မှတ်ပုံတင် ထားသည့် ယာဉ်အစီးရေ မှာ ၆၇ဝ၄ စီးအထိ ရှိသည်။ နေ့စဉ် ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်မှာ ၄၃ဝ၄ စီးသာ ပြေးဆွဲလျက် ရှိပြီး နေ့စဉ် ခရီးသည် တင်ယာဉ် ၂၄ဝဝ ခန့်မှာ ပြေးဆွဲခြင်း မရှိကြောင်း မ-ထ-သ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင် က ပြောသည်။

ထိုသို့နေ့စဉ် ခရီးသည် တင်ယာဉ် အရေအတွက် ၂၄ဝဝ ခန့် လျော့နည်း ပြေးဆွဲမှု များကြောင့် ခရီးသွား ပြည်သူများ အနေဖြင့် ရုံးတက်၊ ရုံးဆင်းချိန် များတွင် ခရီးသည်တင် ယာဉ်များ ပေါ်၌ လူကျပ်သည့် ဒုက္ခကို ခံစားနေရ
သော်လည်း ကျန်အချိန် များတွင် ယာဉ်များပေါ်၌ ခရီးသွား ပြည်သူများမှာ နည်းပါးလျက် ရှိနေကြောင်း ခရီးသည်တင် ယာဉ်လုပ်သား များက ပြောသည်။

ထိုကဲ့သို့ မှတ်ပုံတင် ထားသည့် သတ်မှတ် ခရီးသည်တင် ယာဉ်အစီး ရေထက် နေ့စဉ်ယာဉ် အစီးရေ ၂၄ဝဝ ခန့် လျော့နည်း ပြေးဆွဲနေခြင်း ကြောင့် ခရီးသွား ပြည်သူများ မြို့တွင်းသွား လာရေးတွင် အခက်အခဲ ဖြစ်ပေါ်မည်ကို စိုးရိမ်ခြင်း ကြောင့် ယာဉ်လိုင်း များအား စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး ခရီးသည်တင် ယာဉ်များ ပုံမှန် ပြေးဆွဲနိုင်ရန် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း မ-ထ-သ (ဗဟို)မှ သိရသည်။

ထက်နေ

‪#‎Themyawadydaily‬
‪#‎မြ၀တီနေ့စဉ်‬
https://www.facebook.com/TheMyawadyDaily
မထသ(ဗဟို) တွင် မှတ်ပုံတင်ထားသည့် ခရီးသည်တင် ယာဉ်ထက် နေ့စဉ်ယာဉ်စီးရေ ၂၄၀၀ ခန့်လျော့နည်း ပြေးဆွဲနေ မထသ(ဗဟို) တွင် မှတ်ပုံတင်ထားသည့် ခရီးသည်တင် ယာဉ်ထက် နေ့စဉ်ယာဉ်စီးရေ ၂၄၀၀ ခန့်လျော့နည်း ပြေးဆွဲနေ Reviewed by သစ်ထူးလွင် on 14:38 Rating: 5
Powered by Blogger.