အာရှ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် အလီဘာဘာ ကုမ္ပဏီ တည်ထောင်သူ ဂျက်ခ်မာ ရွေးချယ် သတ်မှတ်ခံရ


ပေကျင်း ၊ ၁၄-၁၂-၂ဝ၁၄

ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်း ကြီးက အာရှတိုက်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် အမေရိကန် ဒေါ်လာ ၂၈ ဒသမ ၆ ဘီလီယံကို ပိုင်ဆိုင်ထားသော အလီဘာဘာ အွန်လိုင်း ကုမ္ပဏီကို တည်ထောင်သူ ဘီလီယံနာ သူဌေးကြီး ဂျက်ခ်မာ အား ရွေးချယ် သတ်မှတ် ခဲ့ကြောင်း သိရသည်။

အသက် ၅ဝ နှစ်အရွယ်ရှိ ဂျက်ခ်မာ သည် ဟောင်ကောင်မှ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းနှင့် ဆိပ်ကမ်းပိုင်ရှင် သူဌေးကြီး လီကာရှင်း ထက် အမေရိကန် ဒေါ်လာ သန်း ၃ဝဝ ခန့် ပိုမိုကြွယ်ဝ ချမ်းသာကြောင်း နှင့် လီကာရှင်း သည် ၂ဝ၁၂ ခုနှစ် ဧပြီ ၅ ရက်မှ စတင်၍ အာရှ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံ ထားရသူ ဖြစ်ကြောင်း သိရသည်။

ဂျက်ခ်မာ ပိုင်ဆိုင်သော ဝင်ငွေ ထက်ဝက်ခန့်သည် အလီဘာဘာ ကုမ္ပဏီ၏ ရှယ်ယာ ၆ ဒသမ ၃ ရာခိုင်နှုန်း မှ ရရှိခဲ့ခြင်း ဖြစ်သည်။ ဟန်ကျိုးမြို့ အခြေစိုက် အလီဘာဘာ ကုမ္ပဏီသည် amazon.com ဝက်ဘ်ဆိုက် ထက် ပိုမို ကြီးမားပြီး ၄င်းကုမ္ပဏီ၏ တန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၂၅၉ ဘီလီယံ ရှိကြောင်း သိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/12/blog-post_13.html
အာရှ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် အလီဘာဘာ ကုမ္ပဏီ တည်ထောင်သူ ဂျက်ခ်မာ ရွေးချယ် သတ်မှတ်ခံရ  အာရှ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် အလီဘာဘာ ကုမ္ပဏီ တည်ထောင်သူ ဂျက်ခ်မာ ရွေးချယ် သတ်မှတ်ခံရ Reviewed by သစ်ထူးလွင် on 15:56 Rating: 5
Powered by Blogger.