မိုဘိုင်းလ်(လက်ကိုင်)ဖုန်းက ဦးနှောက်ကင်ဆာ ဖြစ်စေနိုင်ကြောင်း တရားဝင် ပြဋ္ဌာန်းရန်သင့်မသင့်


အသက်(၆ဝ)အရွယ် အီတလီ စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်သူ Mr.Innocente Marcolini ဟာ လုပ်ငန်းသဘော သဘာဝအရ ၁၂နှစ် တာကာလပတ်လုံး တစ်နေ့လျှင်ပျမ်းမျှ ခြောက်နာရီကြာ နေ့စဉ် ရက်ဆက် မိုဘိုင်းလ်(လက်ကိုင်) ဖုန်းပြောရင်း အလုပ်လုပ်နေရသူ တစ်ယောက်ပါ။

သူဟာဘယ်ဘက်နားနဲ့ ဖုန်းပြောလေ့ရှိပြီး ဖုန်းနဲ့ မကြာခဏထိစပ်နေတဲ့ ဘယ်ဘက်ဦးနှောက် အာရုံကြောအဖွဲ့အစည်း ထဲမှာ ဦးနှောက်အကျိတ်တည်နေပါတယ်။ ကင်ဆာအကျိတ် မဟုတ် သေးသော်လည်း အဆိုပါအကျိတ် တဖြည်းဖြည်းကြီးထွားလာပါက Carotid Artery (ခေါ်) ဦးနှောက်သွေးပြန်ကြော ထိခိုက်စေကာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေပါ။ အဲဒီအကျိတ်ရဲ့တုံ့ပြန်မှု ကြောင့် သူ့မျက်နှာဘယ်ဘက်ခြမ်းက သွက်ချာပါဒရောဂါခံစားနေရ ပြီး အနာသက်သာအောင် နေ့စဉ်မော်ဖင်းဆေးထိုးနေရပါတယ်။ Mr.Marcolini က ''ကျွန်တော်ခုလိုနေမကောင်းဖြစ်ရတာ မိုဘိုင်းလ် (လက်ကိုင်) ဖုန်းကိုနှစ်ရှည်လများသုံးခဲ့ရလို့ပါ။ ကျွန်တော့်လိုမဖြစ် အောင်သတိထားကြပါ။ မိဘများလည်းကလေးတွေကိုသတိပေးပါ'' လို့ The Sun(ခေါ်)အီတလီနိုင်ငံအစိုးရသတင်းစာမှာဖော်ပြထားပါတယ်။

သူ့ကို အာရုံကြောခွဲစိတ်ပါရဂူ Dr.Giuseppe Grasso နဲ့ ခန္ဓာ ကိုယ်တွင်းအကျိတ်ခွဲစိတ်ပါရဂူ Angelo Gino Levis တို့က အနီးကပ် စောင့်ရှောက်နေကြရပြီး ''ဒီလိုဖြစ်ရတဲ့အဓိကဇာစ်မြစ်ကတော့ ဖုန်း ထဲကထွက်လာတဲ့ ရေဒီယိုသတ္တိကြွဓာတ်တွေက ဆဲလ်တွေကို သေစေရာကနေ အကျိတ်တည်လာတယ်''လို့ ၄င်းပရော်ဖက်ဆာများ ကပြောပါတယ်။

ဒီလိုအလားတူ ပြဿနာတွေဖြစ်လာကြလို့လည်း World Health Organization (WHO) က ပြီးခဲ့တဲ့နှစ်ကတည်းကစပြီး မိုဘိုင်းလ် ဖုန်းသုံးစွဲချိန်လျှော့ချရန်သတိပေးထားခဲ့ပါတယ်။ ဗြိတိန်ကျန်းမာရေး စောင့်ရှောက်မှု အေဂျင်စီတစ်ခုကတော့'မိုဘိုင်းလ်ဖုန်းက ကင်ဆာ လုံးဝမဖြစ်စေနိုင်ပါ' လို့ ဆိုထားပြန်ပါတယ်။

ဒါ့အပြင် အပြည်ပြည် ဆိုင်ရာ ရေဒီယိုသတ္တိကြွဇီဝကမ္မကျွမ်းကျင်သူ Michael Rapacholi ဆိုသူကလည်း ''ဖုန်းထဲက ထွက်ရှိတဲ့ရေဒီယိုလှိုင်းနဲ့ပတ်သက်လို့ လေ့လာစမ်းသပ်ချက်တွေအရ ဦးနှောက်ကင်ဆာဖြစ်စေတဲ့ အထောက် အထားခိုင်ခိုင်မာမာမတွေ့ရသေးပါဘူး။

ဒါပေမယ့် ဒီ့ထက်ပိုပြီး လေ့လာမှုတွေပြုလုပ်ပြီးရင်တော့ တိကျခိုင်လုံတဲ့ အဖြေတစ်ခုထွက် လာတော့မှာပါ။ သေချာတာကတော့ အဲဒီဆိုးကျိုးတွေ တန်ပြန်သက် ရောက်မှုမရှိအောင် Headset ဒါမှမဟုတ် ဖုန်းစပီကာဖွင့်ပြောတာ အန္တရာယ်ကင်းစေတာပေါ့ဗျာ''လို့ ပြောပါတယ်။

မည်သို့ပင်ဆိုစေ ကာမူ Mr.Innocente Marcolini ဝေဒနာနဲ့ပတ်သက်ပြီး အီတလီ နိုင်ငံတရားရုံးချုပ်ကတော့ မိုဘိုင်းလ်(လက်ကိုင်)ဖုန်းက ဦးနှောက် ကင်ဆာဖြစ်စေနိုင်ကြောင်း တရားဝင်သတိပေးပြဋ္ဌာန်းတော့မယ်လို့ The Sun (ခေါ်) နိုင်ငံတော်သတင်းစာမှာဖော်ပြသွားကြောင်း၊ General Knowledge For All 8-07-2013 21:15pm Monday အင်တာ နက်သတင်းတစ်ခုကနေ ပြန်လည်ဖောက်သည်ချလိုက်ရပါတယ်။

ပေါက်ပေါက်
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf
မိုဘိုင်းလ်(လက်ကိုင်)ဖုန်းက ဦးနှောက်ကင်ဆာ ဖြစ်စေနိုင်ကြောင်း တရားဝင် ပြဋ္ဌာန်းရန်သင့်မသင့် မိုဘိုင်းလ်(လက်ကိုင်)ဖုန်းက ဦးနှောက်ကင်ဆာ ဖြစ်စေနိုင်ကြောင်း တရားဝင် ပြဋ္ဌာန်းရန်သင့်မသင့် Reviewed by သစ်ထူးလွင် on 15:54 Rating: 5
Powered by Blogger.