ရခိုင်ပဋိပက္ခတည်ငြိမ်ရေး ဆက်လက်ထိန်းသိမ်းဖို့ သမ္မတ ဦးသိန်းစိန် တိုက်တွန်း


ရခိုင်ပြည်နယ်မှာ လူ့အဖွဲ့အစည်းနှစ်ခုအကြားဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ တည်ငြိမ်နေပြီဖြစ်တဲ့အတွက် အဲ့ဒီအခြေ အနေကို ဆက်လက်ထိန်းသိမ်း ကြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ကျရောက်တဲ့ နှစ် ၄၀ ပြည့် ရခိုင်ပြည် နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့သ၀ဏ်လွှာမှာ တိုက် တွန်းထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ မကြာခင်အကောင် အထည်ပေါ်လာမယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ပုဏ္ဏားကျွန်းစက်မှုဇုန်၊ ကုလားတန်မြစ်ဝှမ်း ဖံွ့ဖြိုးတိုး တက်ရေး စီမံကိန်းတွေဟာ ဒေသခံတွေဘ၀ ဖံွ့ဖြိုးတိုး တက်ဖို့အတွက် အခြေခံကောင်းတွေဖြစ်တယ်လို့လည်း သ၀ဏ်လွှာမှာ ပါရှိပါတယ်။

ဒီကနေ့ ကျရောက်တဲ့ နှစ် ၄၀ ပြည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို စစ်တွေနဲ့ ရန်ကုန်မြို့မှာ မနက်ဖြန်ထိ ဆက်လက်ကျင်းပကြမှာဖြစ်ပါတယ်။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရခိုင်ပြည်နယ်နေ့ကို ဒီဇင်ဘာလ ၁၅ ရက်နေ့အဖြစ် သတ်မှတ်ခဲ့တာ ဖြစ် ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127
ရခိုင်ပဋိပက္ခတည်ငြိမ်ရေး ဆက်လက်ထိန်းသိမ်းဖို့ သမ္မတ ဦးသိန်းစိန် တိုက်တွန်း ရခိုင်ပဋိပက္ခတည်ငြိမ်ရေး ဆက်လက်ထိန်းသိမ်းဖို့ သမ္မတ ဦးသိန်းစိန် တိုက်တွန်း Reviewed by သစ်ထူးလွင် on 22:01 Rating: 5
Powered by Blogger.