ပြန်ပေးဆွဲခံခဲ့ရသည့် ပြင်သစ်လူမျိုး ဆာဂီ လာဇာရေ ဗစ်ခ် |
နိုဝင်ဘာလက SITE စောင့်ကြည့်ရေး ဝန်ဆောင်မှု အဖွဲ့ဆီက ရတဲ့ ဆာဂီ လာဇာရေ ဗစ်ခ်ရဲ့ ရုပ်သံတွေကတော့ သူလွတ်မြောက်ရေးအတွက် ပြင်သစ်သမ္မတကို အသနားခံနေပုံနဲ့ ကျန်းမာရေး မကောင်းတာကို ညည်းညူ နေပုံတွေကို ပြသထားပါတယ်။
လာဇာရေဗစ်ကို ဆာဟာရဒေသမှာ လှုပ်ရှားနေတဲ့ အယ်လ်ကေဒါဂိုဏ်းခွဲ အာချင်မ်အုပ်စုက မာလီနိုင်ငံမြောက်ပိုင်းကနေ ပြန်ပေးဆွဲခဲ့အပြီး ၃ နှစ်နီးပါး ကြာအောင် ထိန်းသိမ်းထားခဲ့တာပါ။
ပြင်သစ်သမ္မတကတော့ လာဇာရေဗစ်ဟာ နိုင်ဂျာနိုင်ငံမြို့တော် နီယာမေကို ဦးတည်နေပြီး အဲဒီကနေ ပါရီကို ပြန်လာမယ်လို့ ပြောခဲ့ပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/73380
အယ်လ်ကေဒါများ ပြန်ပေးဆွဲခံခဲ့ရသည့် ကမ္ဘာ့နောက်ဆုံးဓားစာခံ ပြန်လွတ်
Reviewed by သစ်ထူးလွင်
on
11:13
Rating: