အကြမ်းဖက် စစ်သွေးကြွများနှင့် ပူးပေါင်းခဲ့သည့် သြစတြေးလျ နိုင်ငံသား ၂၀ ဦး တိုက်ခိုက်မှုများ အတွင်းသေဆုံး

သြစတြေးလျ အစိုးရ ရှေ့နေချုပ် ဂျော့ဘရန်းဒစ်စ်
ကန်ဘာရာ ၊ ၁၀-၁၂-၂၀၁၄

ဆီးရီးယားနှင့် အီရတ်နိုင်ငံ အတွင်းရှိ အကြမ်းဖက် စစ်သွေးကြွ များနှင့် ပူးပေါင်းခဲ့သည့် သြစတြေးလျ နိုင်ငံသားဦးရေ ၂ဝ သည် တိုက်ခိုက်မှုများ အတွင်း သေဆုံးသွား ခဲ့ကြောင်း သြစတြေးလျ အစိုးရက ယမန်နေ့တွင် ပြောကြား ခဲ့သည်။

အဆိုပါ သြစတြေးလျ နိုင်ငံသား များသည် ISIS စစ်သွေးကြွ များ အပါအဝင် အခြား လက်နက်ကိုင် အကြမ်းဖက် အဖွဲ့များတွင် ပါဝင် တိုက်ခိုက် ခဲ့ကြပြီး အစိုးရတပ် များနှင့် ဖြစ်ပွားသည့် တိုက်ပွဲများ အတွင်း သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ သေဆုံးသူ ဦးရေသည် မကြာသေးမီ သီတင်းပတ်များ အတွင်း မြင့်တက် လာခဲ့ကြောင်း သြစတြေးလျ အစိုးရ ရှေ့နေချုပ် ဂျော့ဘရန်းဒစ်စ် (ပုံ) က ပြောကြားခဲ့သည်။

ဆီးရီးယားနှင့် အီရတ်နိုင်ငံ အတွင်းရှိ အကြမ်းဖက် အဖွဲ့သို့ ဝင်ရောက်ခဲ့သည့် သြစတြေးလျ နိုင်ငံသား ဦးရေမှာ ၉ဝ ကျော်ခန့်ရှိကြောင်း၊ အဆိုပါ စစ်သွေးကြွ များသည် အနောက်နိုင်ငံ များမှ ပြည်သူများကို ၄င်းတို့ အဖွဲ့များ အတွင်းသို့ ဝင်ရောက်လာရန် သွေးဆောင်ဖြား ယောင်းလျက် ရှိကြောင်း သိရသည်။

ထို့ကြောင့် ယခုအခါ သြစတြေးလျ နိုင်ငံသားများ အနေဖြင့် ဆီးရီးယားနိုင်ငံ အတွင်းရှိ အချို့ ဒေသအတွင်းသို့ သြစတြေးလျ အစိုးရ၏ ခွင့်ပြုချက် ပါရှိဘဲ ထွက်ခွာ သွားခြင်းကို အစိုးရက တားမြစ်ထားပြီး အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်သည့် မည်သူ့ကို မဆို ထောင်ဒဏ် ၁ဝ နှစ်အထိ ချမှတ် သွားမည် ဖြစ်ကြောင်း သိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/12/blog-post_45.html
အကြမ်းဖက် စစ်သွေးကြွများနှင့် ပူးပေါင်းခဲ့သည့် သြစတြေးလျ နိုင်ငံသား ၂၀ ဦး တိုက်ခိုက်မှုများ အတွင်းသေဆုံး အကြမ်းဖက် စစ်သွေးကြွများနှင့် ပူးပေါင်းခဲ့သည့် သြစတြေးလျ နိုင်ငံသား ၂၀ ဦး တိုက်ခိုက်မှုများ အတွင်းသေဆုံး Reviewed by သစ်ထူးလွင် on 11:16 Rating: 5
Powered by Blogger.