အယ်လ်ခိုင်ဒါအဖွဲ့ အကြီးအကဲ တစ်ဦးအား ပါကစ္စတန်အစိုးရ တပ်ဖွဲ့များက သုတ်သင်


အစ္စလာမ္မာဘတ် ဒီဇင်ဘာ ၆

နယူးယောက်နှင့် လန်ဒန်မြို့၌ ခရီးသည်တင် ရထား များ ဗုံးဖောက်ခွဲ တိုက်ခိုက်ရန် စီစဉ်သူ အဖြစ် စွပ်စွဲခြင်း ခံရသူ အယ်လ်ခိုင်ဒါ စစ်သွေးကြွအဖွဲ့၏ အထက်တန်း တာဝန်ရှိသူ တစ်ဦး ပါကစ္စတန်၌ သတ်ဖြတ်ခံ ခဲ့ရကြောင်း ပါကစ္စတန် စစ်ဘက်က ပြောကြားသည်။

အာဖဂန်နစ္စတန် နိုင်ငံ နယ်စပ်အနီး ပါကစ္စတန် အနောက်မြောက်ပိုင်း ဒေသ၌ ပါကစ္စတန်အစိုးရ တပ်ဖွဲ့များ က စီးနင်းတိုက်ခိုက်စဉ် အက်နန်အဲလ်ရှူကရီဂျူမက်အမည်ရှိ စစ်သွေးကြွခေါင်းဆောင် သေဆုံးသွားခြင်း ဖြစ်ကြောင်း ပါကစ္စတန်စစ်ဘက်က ပြောကြားသည်။

စွပ်စွဲပြောကြား

သေဆုံးသွားသူ ရှူကရီဂျူမက်မှာ အယ်လ်ခိုင်ဒါ အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ တိုက်ခိုက်ရေးအဖွဲ့ဝင်အကြီးအကဲ ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေး ရေးဗျူရို(အက်ဖ်ဘီအိုင်)က သတ်မှတ်ထားပြီး ကမ္ဘာ့ ကုန်သွယ်ရေးဗဟိုဌာန အမြွှာမျှော်စင်အား တိုက်ခိုက် ခဲ့မှုတွင် ကြိုးကိုင်သူခါးလစ်ရှိတ်ကစ်မိုဟာမက်၏ လက် အောက်တွင် တာဝန်ထမ်းဆောင်သူဖြစ်ကြောင်း စွပ်စွဲ ပြောကြားသည်။

ရှူကရီဂျူမက်သည် ဆော်ဒီအာရေဗျနိုင်ငံတွင် မွေးဖွားခဲ့သူဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင်လည်း နှစ်အတန်ကြာနေထိုင်ခဲ့သည်။

၂ဝဝ၉ ခုနှစ်အတွင်းက အမေရိကန်နိုင်ငံ နယူး ယောက်မြို့ မြေအောက်ရထားဘူတာရုံတွင် အသေခံ ဗုံးဖောက်ခွဲတိုက်ခိုက်ရန် လူသုံးဦးကို စီစဉ်ညွှန်ကြားသူနှင့် ပူးပေါင်းကြံစည်သူအဖြစ် အမေရိကန်ဖက်ဒရယ်တရားရုံး က စွဲချက်တင်ခံထားရသူဖြစ်သည်။

သံသယမကင်းမှုများရှိခဲ့

အလားတူပင် အယ်လ်ခိုင်ဒါအဖွဲ့က စီမံညွှန်ကြား ခဲ့သော ပနားမား၊ နော်ဝေနှင့် ဗြိတိန်နိုင်ငံတွင်းမှ တိုက်ခိုက်မှုများအတွက်လည်း ၄င်းအပေါ် သံသယမကင်းမှု များ ရှိခဲ့သည်။

ဘီဘီစီ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
အယ်လ်ခိုင်ဒါအဖွဲ့ အကြီးအကဲ တစ်ဦးအား ပါကစ္စတန်အစိုးရ တပ်ဖွဲ့များက သုတ်သင် အယ်လ်ခိုင်ဒါအဖွဲ့ အကြီးအကဲ တစ်ဦးအား ပါကစ္စတန်အစိုးရ တပ်ဖွဲ့များက သုတ်သင် Reviewed by သစ်ထူးလွင် on 05:53 Rating: 5
Powered by Blogger.