သုဝဏ္ဏ၌ ဓါးကိုင်ဆောင် ရမ်းကား နေသူအား ဖမ်းဆီး အရေးယူ


ရန်ကုန်၊ ဒီဇင်ဘာ ၇

၆.၁၂.၂၀၁၄ ရက်နေ့ ၂၂၃၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သုဝဏ္ဏ(င/ခ)ရပ်ကွက်၊ ပြည်ထောင်စုလမ်းနှင့် ပန်တျာလမ်းထောင့်၌ အမျိုးသား တစ်ဦး ဓါးကိုင်ရမ်းကားနေကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးရာ အဆိုပါနေရာ၌ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနေ ခင်ဇော်၊ (၄၈)နှစ်မှ အရိုးအသွား(၃၂)လက်မခန့်ရှိ ငှက်ကြီးတောင် ဓါးဦးချွန်(၂)ချောင်း အား ကိုင်ဆောင်ရမ်းကားနေသည်ကို တွေ့ရှိရသဖြင့် ဖမ်းဆီး ခဲ့ပါသည်။

ယင်းသို့ ဓါးများဖြင့်ရမ်းကားနေသူ ခင်ဇော်အား သုဝဏ္ဏနယ်မြေရဲစခန်း (ပ)၃၉၉/၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ- ၁၉(င) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
သုဝဏ္ဏ၌ ဓါးကိုင်ဆောင် ရမ်းကား နေသူအား ဖမ်းဆီး အရေးယူ သုဝဏ္ဏ၌ ဓါးကိုင်ဆောင် ရမ်းကား နေသူအား ဖမ်းဆီး အရေးယူ Reviewed by သစ်ထူးလွင် on 20:07 Rating: 5
Powered by Blogger.