တူမီးသေနတ်ဖြင့် မျောက်အုပ်ကိုပစ်ရာ လူကိုထိမှန်၍ သေဆုံး


နေပြည်တော်၊ ဒီဇင်ဘာ ၁ဝ

၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ရ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တွင်ကျေးရွာနှင့် ဇန်ဇော်လ် ကျေးရွာကြား၌ တီးတိန်မြို့နယ်၊ ဘွင်ကျေးရွာနေ ဦးဇမ်းခိုဒေါင်(၅၇)နှစ်သည် တောပစ်ထွက်နေစဉ် ဇန်ဇော်လ်ကျေးရွာနေ ပေါင်ဆွင်းခန့်ခိုင်(၂၇)နှစ်မှ အရှည် ၄ ပေ ၁ လက်မခန့်ရှိ တူမီးသေနတ်ဖြင့် ဦးဇမ်းခိုဒေါင် တောပစ်ထွက်သည့် နေရာရှိ မျောက်အုပ်ကို ပစ်ခတ်ရာ မထိမှန်ဘဲ ဦးဇမ်းခိုဒေါင်၏ နဖူးဝဲဘက်အား ထိမှန်သေဆုံး သွားသောကြောင့် ပေါင်ဆွင်းခန့်ခိုင်အား တီးတိန်မြို့မ ရဲစခန်း(ပ)၁၂/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၄-က ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
တူမီးသေနတ်ဖြင့် မျောက်အုပ်ကိုပစ်ရာ လူကိုထိမှန်၍ သေဆုံး တူမီးသေနတ်ဖြင့် မျောက်အုပ်ကိုပစ်ရာ လူကိုထိမှန်၍ သေဆုံး Reviewed by သစ်ထူးလွင် on 19:30 Rating: 5
Powered by Blogger.